Pages

Pages

မအူပင်မြို့၌ Si Pwar Trading Co.,Ltd မှ တောင်သူများအား သွင်းအားစုပေးအပ်


မအူပင်၊ ဇူလိုင် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးစပါးရာသီ Rice Export Zone စီမံကိန်းတွင် Exporter ကုမ္ပဏီအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည့် Si Pwar Trading Co.,Ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့် သဘောတူစာချုပ်ချုပ်ဆိုခြင်းအခမ်းအနားအား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးကျော်မှ အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်မှ Rice Export Zone စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ Si Pwar Trading Co.,Ltd မှ Managing Director ဒေါ်နော်ခင်ခင်မှ Exporter Company အနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးထူးကျော်၊ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူးဦးစိုးမိုးအောင်၊ Si Pwar Trading Co.,Ltd မှ Managing Director ဒေါ်နော်ခင်ခင်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဝင်များမှ တက်ရောက်လာသည့် တောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မအူပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးကျော်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုးမိုးအောင်၊ Si Pwar Trading Co.,Ltd မှ Managing Director ဒေါ်နော်ခင်ခင်နှင့် ဝန်ထမ်းများ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


အောင်မြင့်မြတ်

#MNP #News

No comments:

Post a Comment