Pages

Pages

ပခုက္ကူမြို့၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး



ပခုက္ကူ၊ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲအောင်နှင့် ဝန်ထမ်းများက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း ား ကျောင်းသူများအတွက်  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များကို ဇူလိုင်လ၉ရက်မှ၁၁ရက်အထိ ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူ (၂၅၉)ဦးထံ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များပေး အပ်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#MNP #News

No comments:

Post a Comment