ချမ်းအေးသာစံ၊ ဇူလိုင် ၇
မန္တလေးတိုင်းဒေကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees-UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mr. Barnaby Jones နှင့်အဖွဲ့အား ဇူလိုင် ၆ ရက်နေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင်ဆောင်ရွက်လျက်ရှိသော UNHCR ၏ လုပ်ငန်းများဆောင်ရွက်နေမှု၊ UNHCRမှ ကူညီထောက်ပံ့ပေးနေမှုဆိုင်ရာကိစ္စရပ်များ၊ လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့ အသိပေးဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ရင်းနှီးစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
#MNP #News

No comments:
Post a Comment