Pages

Pages

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့)ကုသပေး




ထန်းတပင်   ဇူလိုင် ( ၂၈ )

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုအသင်း (YMBA)မှ ဦးဆောင်၍ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့ အင်္ဂါနေ့ဇူလိုင်(၂၈)ရက်နေ့က ( ၆၁ )ကြိမ်မြောက်အဖြစ်(အခမဲ့)ကုသပေးခြင်းကိုအဆိုပါကျေးရွာရှိ မဇ္ဈိမပတ္တမြားရတနာမေတ္တာဘုန်းတော်ကြီးကျောင်းတိုက်ကြီးတွင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်လည်း မုဒိတာမေကျန်းမာရေးစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဇ္ဈိမမေတ္တာကုသိုလ်ဖြစ် အခမဲ့ဆေးခန်း၏ ဆေးဝါးကျွမ်းကျင်သင်တန်းသားများနှင့် မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အတွင်းရေးမှုး၊ လူငယ်ရေးရာတာဝန်ခံ ဦးရန်လင်းအောင်နှင့် အလုပ်အမှုဆောင်တို့မှ ကျေးရွာနေပြည်သူစုစုပေါင်း ( ၅၆) ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ 

လာရောက်ကုသကြသည့် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အတွင်ရေးမှူး  ဦးရန်လင်းအောင်မှ YMBA သို့ လှူဒါန်းထားသော အားဆေးများကို ပြန်လည် လှူဒါန်း ပေးအပ်ခဲ့ကြောင်းသိရသည်။


#MNP #News


No comments:

Post a Comment