စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည်


နေပြည်တော်၊ ဩဂုတ် ၈

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၁၈၃ ဦး တက်ရောက်သင်ယူလျက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူ ၄၀၀ လက်ခံသင်ကြားပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

အဆိုပါစိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ကို လယ်ယာကဏ္ဍ အဓိကလုပ်ကိုင်လျက်ရှိသော ဒေသဖြစ်သည့် မြန်မာနိုင်ငံအောက်ပိုင်းဒေသ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးရန်ရည်ရွယ်၍ အသစ်တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်တွင် အဆောက်အအုံများ အသစ်တည်ဆောက်ခြင်းနှင့် သင်ကြားရေးလုပ်ငန်းများ အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးအတွက် ဖြည့်ဆည်းစီမံခြင်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တက္ကသိုလ်၌ ကျောင်းသား ၂၀၀ ဆံ့ နှစ်ထပ် အိပ်ဆောင်နှစ်လုံးနှင့် ကျောင်းသား ၄၀၀ ဆံ့ ထမင်းစားဆောင်တည်ဆောက်ခြင်းလုပ်ငန်းများ၊ သုံးထပ်စာသင်ဆောင် တည်ဆောက်မည့် မြေနေရာများနှင့် လေးခန်းတွဲလေးထပ်အမှုထမ်းအိမ်ရာ တည်ဆောက်မည့်မြေနေရာတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများနှင့်အတူ ၆-၈-၂၀၂၆ ရက်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)