ဆီးရီးယားက ယူရေနီယံတွေ သွားသိမ်းဖို့ အစ္စရေး နဲ့ အမေရိကန် တိုင်ပင်နေပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆီးရီးယားက ယူရေနီယံတွေ သွားသိမ်းဖို့ အစ္စရေး နဲ့ အမေရိကန် တိုင်ပင်နေပြီ


ဩဂုတ် - ၁၁ ( အင်္ဂါနေ့ ) 

အမေရိကန်နဲ့ အစ္စရေးတို့ဟာ ဆီးရီးယားနိုင်ငံအတွင်းက လျှို့ဝှက်စခန်းတစ်ခုမှာရှိတဲ့ နျူကလီးယား ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို ဖယ်ရှားဖို့အတွက် ဒမတ်စကတ် (ဆီးရီးယားအစိုးရ) နဲ့ သဘောတူညီမှု ရရှိခဲ့ကြတယ်လို့ အမေရိကန်နဲ့ အစ္စရေး တာဝန်ရှိသူတွေရဲ့ပြောစကားကို ကိုးကားပြီး Axios သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

သတင်းဖော်ပြချက်အရ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က 'စခန်း ၉၉' လို့ ခေါ်တဲ့နေရာသို့ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး၊ အဲဒီနေရာမှာရှိတဲ့ ၂၀၀၇ ခုနှစ်တုန်းက အစ္စရေး ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ ဆီးရီးယားရဲ့ အယ်လ်ကီဘာ နျူကလီးယားဓာတ်ပေါင်းဖိုက ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။

အဲဒီစခန်းမှာ နျူကလီးယားလောင်စာအဖြစ် ပြုပြင်ပြောင်းလဲလို့ရတဲ့ သန့်စင်ထားတဲ့ ယူရေနီယမ်မှုန့်တွေ ရှိနေတယ်လို့ သိရပါတယ်။ အဲဒီပစ္စည်းဟာ နျူကလီးယားဗုံး တိုက်ရိုက်ပြုလုပ်ဖို့ သုံးလို့မရသေးပေမဲ့ ရိုးရိုးယမ်းဖောက်ခွဲပစ္စည်းတွေနဲ့ ပေါင်းစပ်ပြီး ရေဒီယိုသတ္တိကြွ အဆိပ်သင့်စေမယ့် 'ညစ်ပတ်ဗုံး' အဖြစ် သုံးလို့ရနိုင်သေးလို့ ကြောက်စရာကောင်းအောင် ဖြန့်ဝေတိုက်ခိုက်ရာမှာတော့ အသုံးပြုသွားနိုင်ချေ ရှိပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက အမေရိကန် ကျောထောက်နောက်ခံပြု သူပုန်အဖွဲ့တွေ ပေါင်းစည်းပြီး ဒမတ်စကတ်မြို့ကို သိမ်းပိုက်ကာ ဆီးရီးယား သမ္မတ ဘာရှား အာဆတ်ကို ဖြုတ်ချခဲ့ပြီး မကြာမီမှာပဲ အစ္စရေးဘက်က အဲဒီ 'စခန်း ၉၉' ရဲ့ ဝင်ပေါက်တွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အကယ်၍ အဲဒီ နျူကလီးယား ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို မဖယ်ရှားဘူးဆိုရင် ဒါမှမဟုတ် ဆီးရီးယားဘက်က အဲဒီပစ္စည်းတွေကို သွားရောက်ထုတ်ယူဖို့ ကြိုးစားတဲ့ အရိပ်အယောင် မြင်တွေ့ရရင် အဲဒီစခန်းကို နောက်ထပ် ဗုံးထပ်ခွဲမယ်လို့ အစ္စရေးဘက်က ခြိမ်းခြောက်ထားကြောင်းလည်း အစ္စရေး တာဝန်ရှိသူတစ်ဦးက Axios ကို ပြောကြားခဲ့ပါတယ်။ 

တစ်ချိန်က အမေရိကန်ရဲ့ အလိုရှိဆုံးစာရင်းမှာ ပါဝင်ခဲ့ဖူးသူ ဂျီဟာဒ်ခေါင်းဆောင်ဟောင်း၊ လက်ရှိ ဆီးရီးယား သမ္မတ အာမက် အယ်လ်-ရှာရာ  ဟာ ၂၀၁၁ ခုနှစ်ကတည်းက ပြည်တွင်းစစ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရတဲ့ ဆီးရီးယားနိုင်ငံကို အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး ပိုကောင်းလာစေဖို့နဲ့ နိုင်ငံခြား အကူအညီတွေ ရရှိလာစေဖို့ ကြိုးပမ်းလျက်ရှိပါတယ်။  ပြီးခဲ့တဲ့လကတော့ သူဟာ အစ္စရေးနိုင်ငံနဲ့ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အစ္စရေးဟာ ၁၉၆၇ ခုနှစ်တည်းက သိမ်းပိုက်ထားခဲ့တဲ့ ဂိုလန်ကုန်းမြင့်  အလွန်အထိ အင်အားဖြန့်ကျက်ထားပြီး ၂၀၂၄ ခုနှစ် ကတည်းက ဆီးရီးယား အနောက်တောင်ပိုင်း ဒေသအချို့ကို ဝင်ရောက်သိမ်းပိုက်ထားပါတယ်။ 


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)