BRICS ( ဘရစ် ) နိုင်ငံအဖွဲ့က ဒေါ်လာအစားထိုး ငွေပေးချေမှုကို ညှိနှိုင်းနေကြတယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

BRICS ( ဘရစ် ) နိုင်ငံအဖွဲ့က ဒေါ်လာအစားထိုး ငွေပေးချေမှုကို ညှိနှိုင်းနေကြတယ်လို့ ဆို


ဩဂုတ် - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

BRICS နိုင်ငံတွေဟာ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစရိတ်တွေကို လျှော့ချဖို့နဲ့ ပိုမို လျင်မြန်လာစေဖို့ နည်းလမ်းတွေကို ရှာဖွေနေရာမှာ သူတို့ရဲ့ ငွေပေးချေမှု စနစ်တွေနဲ့ ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) တွေကို ချိတ်ဆက်ဖို့ ဆွေးနွေးနေကြတယ်လို့ အိန္ဒိယ ဗဟိုဘဏ် ဥက္ကဋ္ဌ ဆန်းဂျေး မာဟိုထရာ က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန် ဒေါ်လာရဲ့ အစားထိုး ဖြစ်လာနိုင်တယ်လို့ နာမည်ထွက်နေတဲ့ BRICS (ဘရစ်) ဘုံသုံး ငွေကြေးစနစ်ထက်၊ နယူးဒေလီအနေနဲ့ အဖွဲ့ဝင် နိုင်ငံအသီးသီးရဲ့ မူလငွေကြေးတွေနဲ့ပဲ ကုန်သွယ်မှု ငွေရှင်းလင်းတာကို ပိုမို နှစ်သက်တယ်လို့ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး ပီးယုရှ် ဂိုယယ်လ် က လွန်ခဲ့တဲ့ တစ်ပတ်က ပြောကြားခဲ့ပါတယ်။

အိန္ဒိယ ဗဟိုဘဏ်ဥက္ကဋ္ဌက "နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုဟာ ကုန်ကျစရိတ် လျှော့ချဖို့ အခွင့်အလမ်း အများကြီး ရှိနေတာကြောင့်  ဘရစ်အဖွဲ့ အပါအဝင် ကျွန်တော်တို့ အားလုံး စိတ်ဝင်စားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်" လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။ ဒါ့ပြင် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေးတွေနဲ့ လျှင်မြန်တဲ့ ငွေပေးချေမှု စနစ်တွေကို ချိတ်ဆက်တာ အပါအဝင် နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးနေကြတယ်လို့လည်း သူက ဆက်လက် ပြောကြားခဲ့ပါတယ်။

အိန္ဒိယရဲ့ စက္ကန့်ပိုင်းအတွင်း ငွေလွှဲနိုင်တဲ့ UPI စနစ်ကို ဥပမာပေးရင်း "ဒါဟာ ချက်ချင်း ငွေရောက်တာပါ။ ပြည်ပက ငွေလွှဲတာတွေကို ဘာလို့ နာရီပေါင်းများစွာ ဒါမှမဟုတ် ရက်ပေါင်းများစွာ စောင့်နေရမှာလဲ" လို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ ဘရစ်အဖွဲ့ဝင် နိုင်ငံတွေကြား နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ ငွေပေးချေမှုတွေ ပိုမိုလွယ်ကူစေဖို့အတွက် ဗဟိုဘဏ် ဒစ်ဂျစ်တယ်ငွေကြေး (CBDC) တွေကို ချိတ်ဆက်မယ့် အစီအစဉ်ကို ၂၀၂၆ ခုနှစ် ထိပ်သီးအစည်းအဝေး အစီအစဉ်ထဲမှာ ထည့်သွင်းဖို့ အိန္ဒိယ ဗဟိုဘဏ် က အဆိုပြုခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဇန်နဝါရီလတုန်းက သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ ဒီနှစ်မှာ  ဘရစ်အဖွဲ့ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဟာ အဆိုပါ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)