စိန်အုပ်အုပ် ခွေးစွဲခံရခြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking


စိန်အုပ်အုပ် ခွေးစွဲခံရခြင်း


ဥက္ကာမင်းမောင် ဟာ ၂၀၂၁ ကာလဝန်းကျင်မှာ အမေရိကန်ရောက် နီပိန်းများနဲ့အတူ ရန်ပုံငွေရှာဖွေပွဲတွေ၊ ဆန္ဒပြပွဲတွေမှာ အတူပူးပေါင်းပါဝင်ပေးခဲ့သူတစ်ယောက်ပါ။ သို့သော် ကာလကြာလာသည်နှင့်အမျှ မြန်မာနိုင်ငံအတွင်းမှာ အပြန်အလှန် သတ်ဖြတ်မှုတွေနဲ့ ပြည်သူတွေ နေ့စဉ် သေဆုံးနေရတာကို သိတဲ့အတွက် အကြမ်းဖက်လှုပ်ရှားမှုအတွက် ရန်ပုံငွေရှာဖွေပေးတာမျိုးတွေကို မလုပ်တော့သလို ပြည်တွင်းမှာရှိတဲ့ နီပိန်း ပဒက်တွေကို အကြောင်းပြုကာ ခွက်ခေါက်ပြီး ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစားလုပ်နေတာတွေကို သိလာတဲ့အခါမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

အဓိကအားဖြင့် အပျံမလို့ လူသိများတဲ့ ပန်ဆယ်လို ဟာ ရန်ပုံငွေရှာဖွေသူအမည်ခံပြီး အမေရိကန်ကန်မှာ အိမ်တွေဝယ် ခြံတွေဝယ် လုပ်နေတာတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ပြောဆိုခဲ့ပါတယ်။ အပျံမကလည်း လူလည်မဆိုတော့ ပြည်တွင်းက နီပိန်းတွေကို ထောက်ပံ့ပေးရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရှာလို့ရတဲ့ငွေတွေကို သူ့ကိုယ်ပိုင်ဖြစ်အောင် သူ့နည်းသူ့ဟန်နဲ့ လုပ်နေတာလည်း ရှိမှာပေါ့လေ။

ဒီလိုနဲ့ ဥက္ကာမင်းမောင် နဲ့ ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူတွေကြား သဘောထားမတိုက်ဆိုင်တော့ပါဘူး။ ဥက္ကာမင်းမောင် ကို ဝိုင်းဝန်းတိုက်ခိုက်နေကြတာတွေလည်း ရှိပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့က ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးသမားများနဲ့အတူ အမေရိကန်ကို ထွက်ပြေးရောက်ရှိနေတဲ့ အဆိုတော် အာဇာနည် ပါဝင်ဖျော်ဖြေတဲ့ ရှိုးပွဲတစ်ခု အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီပွဲမှာ မဲမဲကျော်ကျော်သိန်း နဲ့အတူ ဖျော်ဖြေရန် စီစဉ်ထားပေမယ့် မဲမဲကျော်သိန်း ဟာ ပြင်သစ်မှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားဖြစ်ခြင်းကြောင့် အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်မပေးလို့ နယူးယောက်က ခွက်ခေါက်ပွဲကို မဲမဲကျော်ကျော်သိန်း ပါဝင်ဖျော်ဖြေနိုင်ခဲ့ခြင်း မရှိပေမယ့် သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အာချောင်ထားတာလေး အနည်းငယ်တော့ တွေ့ရပါတယ်။

ဥက္ကာမင်းမောင် ဟာ ဒီပွဲကို သူ သွားရောက်အားပေးမှာ ဖြစ်ကြောင်း ပွဲမတိုင်မီကတည်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ ကြေညာပါတယ်။ သူနဲ့ စဉ်ဆက်မပြတ် စကားစစ်ထိုးနေတဲ့ ကြာကန်ရွာက သူခိုးမကိုလည်း လာခဲ့ဖို့ စိန်ခေါ်ထားပါတယ်။

သို့သော် ဥက္ကာမင်းမောင် ဟာ ဒီပွဲကို သွားရောက်တဲ့အချိန်မှာ သူ့ငွေနဲ့သူ လက်မှတ်ဝယ်ယူအားပေးပြီး သူအားပေးတဲ့ အဆိုတော်တွေကိုလည်း ပန်းပေးပြီး ဓာတ်ပုံရိုက်ခဲ့တာမျိုးတွေ့ရပါတယ်။ ဥက္ကာမင်းမောင် က ဒီပွဲကို သွားပြီး မဖွယ်မရာ လုပ်ခဲ့တာ မရှိပါဘူး။

သို့သော် အဝင်အဝ တစ်နေရာမှာ အစွန်းရောက် နီပိန်း အုပ်စုက ဥက္ကာမင်းမောင် ထွက်သွားဖို့ ရန်ရှာကြပါတော့တယ်။ ဥက္ကာမင်းမောင် က ကိုယ့်ခြွေးနည်းစာနဲ့ကိုယ်လာကြည့်တာ၊ ဘယ်သူ့မှ စောက်ဂရုမစိုက်တဲ့အကြောင်း ပြန်ပြောပါတယ်။ အဲဒီလို ဖြစ်နေစဉ်မှာ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ နီပိန်းတွေဟာ ခွေးတွေလိုပဲ ဝူးဝူးဝါးဝါးတွေ ထအော်ကြပါတယ်။ ဒီရုပ်သံအပိုင်းအစကို ပြည်ဖျက်မီဒီယာတွေမှာ ဖော်ပြပြီး ဥက္ကာမင်းမောင် မောင်းထုတ်ခံရတယ်လို့ ခေါင်းစဉ်တပ်ကာ ဖော်ပြလာကြပါတယ်။ တကယ်တော့ ဥက္ကာမင်းမောင် ဟာ မောင်းထုတ်ခံရတာ မဟုတ်ပါဘူး။ နီပိန်း အစွန်းရောက် အကြမ်းဖက်ဝါဒီခွေးတွေ ဝိုင်းစွဲတာကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီကိစ္စက ဒီမှာတင် ပြီးမသွားပါဘူး။ ဥက္ကာမင်းမောင် ကတော့ သူ့ကို ရန်ပြုစော်ကားခဲ့တဲ့ နီပိန်း အစွန်းရောက်တွေကို အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်။

ဒီဖြစ်စဉ်အပေါ် သင်ခန်းစာအနေနဲ့ မြင်ရတာကတော့ နီပိန်းတွေဟာ ပြည်တွင်းမှာရှိနေစဉ်ကလည်း အစွန်းရောက် အကြမ်းဖက်သမားများ၊ ကိုယ့်ပြည်သူအချင်းချင်း သတ်ပြီး ဂုဏ်ဆာရတာကို ပျော်နေတဲ့ ငမိုက်သားများအဖြစ် မြင်တွေ့ရတယ်။ ပြည်ပကို ရောက်သွားလို့လည်း သူတို့ရဲ့ အောက်တန်းစားစိတ်ဓာတ်က ပြောင်းလဲသွားတာမျိုးမရှိဘူး။ ပြုပြင်တာမျိုး မရှိဘူး။ အုပ်စုဖွဲ့ အနိုင်ကျင့်ဗိုလ်ကျချင်တဲ့ တိရစ္ဆာန်တွေလိုပဲ ဖြစ်နေတာကို တွေ့မြင်ရတာ ဝမ်းနည်းစရာပါ။ နီပိန်းတွေ အခွင့်သာလို့ တတိယနိုင်ငံမှာ ခိုလှုံခွင့်ရခဲ့ပြီ။ စိတ်ဓာတ်နဲ့ လုပ်ရပ်လေးတွေကိုတော့ ပြင်ဆင်ဖို့လိုတယ်။ ပါးစပ်က ဒီမိုကရေစီလိုလားသူလို့ အသံကောင်းဟစ်ပြီး အစွန်းရောက် အကြမ်းဖက် တိရစ္ဆာန်ဝါဒကို ကျင့်သုံးနေတာဟာ အင်မတန် ရှက်စရာ ကောင်းပါတယ်။

ဥက္ကာမင်းမောင်ကို ဝိုင်းပြီး ရန်ရှာကြလို့ ဥက္ကာမင်းမောင်က သိက္ခာကျမသွားဘူး။ သူကိုယ်တိုင် က ဒီပွဲကို ကောင်းကောင်းမွန်မွန်လာပြီး အားပေးသွားတယ်။ မင်းတို့ အစွန်းရောက် နီပိန်းတွေကသာ ခွေးတွေလို ဝိုင်းဟောင်ကြတာ ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်မယ်ဆိုရင် စိန်အုပ်အုပ် ခွေးစွဲခံရခြင်း လို့သာ ခေါင်းတပ်သင့်ပါတယ်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)