မုံရွာ၊ စက်တင်ဘာ ၁၄
အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR)အစီအစဉ်-၃(၂၀၂၅)အရ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကလှူဒါန်းသော ဆန် ၉၅ တန်အား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဆန် ၉၅ တန်ကို ရေဘေးသင့် ပြည်သူများထံ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင် စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်ရှိ စိုးနို့ဆီနှင့် သဘာဝဒိန်ချဉ်စက်ရုံ၏ ထုတ်လုပ်မှုလုပ်ငန်းများ၊ စစ်ကိုင်း စက်မှုဇုန်ရှိ Myanmar Stepဖိနပ်စက်ရုံတွင်ဖိနပ်အမျိုးမျိုး ထုတ်လုပ်နေမှု၊ ထုပ်ပိုးနေမှုများနှင့် ရော်ဘာလည်ရှည် ဖိနပ်အဟောင်းများအား Recycle နည်းဖြင့် ကုန်ကြမ်းပြုလုပ်သိုလှောင်ထားရှိမှု၊ စစ်ကိုင်းစက်မှုဇုန်ရှိ မဟာနီလာနှစ်ဘီး၊ သုံးဘီးဆိုင်ကယ် ထုတ်လုပ်ရေးစက်ရုံတွင် သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ် နောက်ခြေတင်တန်းများ၊ မော်တော်ဆိုင်ကယ် လက်ကိုင်ဘရိတ်ကိုင်းများနှင့် ဘရိတ်ရှူးများထုတ်လုပ်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment