Pages

Pages

ကျိုက်ထိုမြို့နယ်တွင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး





ကျိုက်ထို၊ ဩဂုတ် ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်‌နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တာဝန်ယူဆောင်ရွက်နေသည့် တောင်ကလေးကျေးရွာ၊ တောင်ကလေး-ကွင်းကလေး-ဝင်းပြန်-ငယ်ဒိုလမ်း ကတ္တရာလမ်းခင်းရန်အတွက် Sub-base လွှာ ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ဆောင်ရွက်မှုအား မွန်ပြည်နယ်တာဝန်ခံအင်ဂျင်နီယာချုပ်နှင့်တာဝန်ရှိသူများက  ဩဂုတ်(၁၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ် ရေး လွယ်ကူချောမွေ့ပြီးဒေသထွက် စိုက်ပျိုး‌ ရေး၊ မွေးမြူရေးထုတ်ကုန်များ လွယ်လင့်တကူ‌ ရောင်းဝယ်နိုင်ခြင်းဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်စေရေးအတွက် တောင်ကလေးကျေးရွာ၊ တောင်ကလေး-ကွင်းကလေး-ဝင်းပြန်-ငယ်ဒိုလမ်း ကတ္တရာခင်းရန်အတွက် Sub-base လွှာခင်းခြင်း လုပ်ငန်း ကို ၂၀၂၆ခုနှစ် ဩဂုတ်လ (၅)ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကာ  ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့တွင်လုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ပြီးစီးခဲ့‌ကြောင်း သိရသည်။

အဆိုပါ ရွာဝင်လမ်းပိုင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်  ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၂၇၃.၃၀၀) သန်းဖြင့် ဇာမဏီသွေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး ကျိုက်ထိုမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။


ပြည့်ဖြိုး

#Myanmar #News

No comments:

Post a Comment