ပြင်ဦးလွင် ၊ နို၀င်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုး ဦးဆောင်သောအဖွဲ့သည် ၂၀၂၆- ၂ဝ၂၇ ဘဏ္ဍာရေးနှစ်တွင် ပြင်ဦးလွင်ခရိုင်အတွင်း၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့်ကျောင်းများအနက် အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၏ Clean and Green School (သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း) ဆိုင်ရာ အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ ဆောင်ရွက်ထားမှု အခြေအနေများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ် ဆေးရာတွင်အချိုရည်ဘူးခွံဟောင်းများဖြင့် အမှိုက်ပုံးပြုလုပ်ထားရှိမှု၊ စွန့်ပစ်ကားတာယာအဟောင်းများဖြင့် စားပွဲနှင့်ထိုင်ခုံများ ပြုလုပ်ထားရှိမှု၊ အလှပန်းပင်နှင့် ပရဆေးခင်းများ စိုက်ပျိုးထားရှိမှု၊ သိပ္ပံလက်တွေ့ခန်းမှ သရုပ်ပြသခြင်းနှင့် C and G School ဆိုင်ရာအခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်အညီ ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ မှတ်တမ်းထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်ကျောင်းများအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးမှ ကျောင်းအုပ်ဆရာမကြီးအား အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲစာအုပ်များ (Level 1‚ 2‚ 3, 4, 5 and Summary) စာအုပ်များနှင့် သန့်ရှင်းစိမ်းလန်းဗလာစာအုပ်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
သွေးသွေး
https://t.me/MyanmarNationalPost

No comments:
Post a Comment