မြဝတီ၊ အောက်တိုဘာ ၂၉
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေး စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လ ဒေသန္တရ စီမံကိန်း ရည်မှန်းချက်များကို မြို့နယ်စီမံကိန်းရေးဆွဲအ ကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌများအား တာဝန်များ ပေးရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လယ်ယာကဏ္ဍာ၏ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ စီမံကိန်း ပြည်နယ်ရန်ပုံငွေ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များကို သက်ဆိုင်ရာ ဌာနများအား တာဝန်များပေးခဲ့ကြောင်း သိရသည်။
သတင်း - မန်းသန်းရွှေမြင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment