Pages

Pages

မိုင်းယောင်း၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ



မိုင်းယောင်း၊ အောက်တိုဘာ   ၂၈

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများအား ယနေ့တွင် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဌာနမှ သိရသည်။

အထက (မိုင်းယောင်း)စုရပ်၌ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈၊ ၉) ရပ်ကွက်နှင့် ပါဟုတ်အုပ်စုတို့မှ ပြည်သူများကိုလည်းကောင်း (ယမ်းခမ်း၊ ကော့ခွယ်၊ ဝမ်ကောင်း) ဘုန်းကြီးကျောင်းစုရပ်၌ (ဟောင်ကြန့်၊ မုန်းလိုက်၊ ဝမ်ကောင်း) ကျေးရွာအုပ်စုတို့မှ ပြည်သူ များကိုလည်းကောင်း၊ (လော့ဟန်၊ နားဖန်း၊ ဝမ်ဒန်၊ ဝမ်တုံ) ဘုန်းကြီးကျောင်းစုရပ်၌ (ဝမ်ဘိုး၊ ဝမ်မန်း) ကျေးရွာအုပ်စုတို့မှ ပြည်သူများကိုလည်းကောင်း၊ (ဝမ်ဘန်း၊ ဝမ်အင်) ဘုန်းကြီးကျောင်းစုရပ်၌ (ဝမ်တပ်၊ ဝမ်အင်၊ ဟွေဖ) ကျေးရွာအုပ်စုတို့မှ ပြည်သူများ ကိုလည်းကောင်း အသီးသီးထိုးနှံပေးခဲ့သည်။

ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံနိုင်ရေး အတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပါဝင်သည့် ကာကွယ်ဆေးထိုးနှံကြီးကြပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်း - နန်းစီဖေါင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment