Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ Mr. Anatoly Bulochnikov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၂၈

ယမန်နေ့က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်း   ဒုတိယဥက္ကဋ္ဌ   Mr. Anatoly Bulochnikov  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့  မွန်းလွဲ ၂ နာရီတွင်  နေပြည်တော် ရုံးအမှတ်(၉)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက မြန်မာ-ရုရှား နှစ်နိုင်ငံအကြား အဆင့်မြင့် ခရီးစဉ်များ အပြန်အလှန် လည်ပတ်ခြင်း၊ သဘောတူ စာချုပ်များ  ချုပ်ဆိုခြင်းနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်များဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမိုတိုးတက်လာခဲ့ကြောင်း ပြောကြားသည်။

ထို့နောက်  ရုရှားနှင့်မြန်မာ  နှစ်နိုင်ငံအကြား ချစ်ကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများ အချင်းချင်း   ထိတွေ့ဆက်ဆံမှု တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အသင်းနှင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေး အပါအဝင်   ရှေ့ဆက်လက် ပူးပေါင်းမှုများ မြှင့်တင်ရေးကိစ္စများကို   ဆွေးနွေးကြကြောင်း သိရသည်။  


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment