Pages

Pages

ပင်လောင်းမြို့နယ်တွင် အသက် ၁၈နှစ်မှ အသက်၆၅ နှစ်ကြား ပြည်သူ ၃၈၃၅ ဦးအား ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်




ပင်လောင်း၊ အောက်တိုဘာ   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် အသက်၁၈ နှစ်မှအသက်၆၅ နှစ်ကြားပြည်သူများအား ဦးစားပေးအုပ်စုများသတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က ပင်လောင်း မြို့နယ် ဆိုင်ကလုန်းရှက်တာခန်းမနှင့် နောင်တရား အ.ထ.က ကျောင်းတို့တွင်ဆက်လက်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ကာကွယ်ဆေးထိုးနှံမှုမှာ  ပင်လောင်းမြို့နယ် အတွက်ဒုတိယအသုတ်၊ ပထမအကြိမ်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၁၁ရက်နေ့အထိကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးသူ ၁၅၅၇၂ ဦးအား ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ပြီး သတ်မှတ်ဆေးထိုးရက်ပြည့်ပြီးသော ပြည်သူများအား အောက်တိုဘာ၂၆ရက်နေ့အထိ ၂၂၁၀ ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ယမန်နေ့က ဒုတိယအကြိမ် သတ်မှတ်ဆေးထိုးရက်ပြည့်သော ကျန်ရှိသူများအား စာရင်းများစနစ်တကျ ကောက်ယူ၍ ထိုးနှံပေးခြင်းဖြစ်ပြီး ဆိုင်ကလုန်းရှက်တာ ခန်းမတွင် ၇၇၅ ဦး၊ နောင်တရားအ.ထ.က ကျောင်းတွင် ၈၅၀ ဦး ထပ်မံထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ သတ်မှတ်အုပ်စုများတွင် ပါဝင်သောဆေးထိုးရန်ကျန်ရှိနေသူများအား သတ်မှတ် ဆေးထိုးစုရပ်များ ဖြစ်သည့် ပင်လောင်းမြို့ဆိုင်ကလုန်းရှက်တာ ခန်းမ၊ နောင်တရားမြို့ အ.ထ.က၊ တီကျစ်မြို့ အ.ထ.က၊ ဆောင်းပြောင်း အ.ထ.က နှင့်ပေါင်းလောင်းမြို့ တလိုင်းမ အ.ထ.က တို့တွင်သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီထံမှ သိရသည်။

သတင်း - ထွန်းလင်း(ပင်လောင်း)                                                                                           

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment