Pages

Pages

မြင်းခြံမြို့နယ်တွင်အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ(၉၅၅၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တတိယအသုတ် ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်




မြင်းခြံ၊ အောက်တိုဘာ ၂၈

 မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် တတိယအသုတ် ပထမ အကြိမ်အဖြစ် အသက်(၁၈)နှစ်နှင့် အထက်ပြည်သူအားလုံးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့က ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအနေဖြင့် မိမိတို့၏ မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုစာရင်းဇယားယူဆောင်၍ မြင်းခြံမြို့ အမှတ်(၂) ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ဗိမာန်တွင် နေ့စဉ် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ ဆေးထိုးနှံနိုင်ကြကြောင်းသိရသည်။

အဆိုပါ တတိယအသုတ် ပထမအကြိမ်အဖြစ် အောက်တိုဘာ ၂၇ရက်(ယနေ့)တွင် အသက်(၁၈)နှစ်အထက်ပြည်သူ(၁၆၅)ဦးကို  Covide-19 ရောဂါကာကွယ်ဆေးထိုး ပေးနိုင်ခဲ့ကြောင်း၊ စုစုပေါင်း(၉၅၅၀)ဦးထိုးနှံပေးပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိပြည်သူ များကိုလည်း ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတလူမှုအဖွဲ့အစည်းများအကူအညီဖြင့် ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။                                                                                                                            

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment