Pages

Pages

မင်းဘူးခရိုင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ




မင်းဘူး၊ အောက်တိုဘာ   ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လအတွင်း ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆)လအတွင်း ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်များကို မင်းဘူး၊ ပွင့်ဖြူ၊ ငဖဲ၊ စလင်းနှင့် စေတုတ္တရာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူး များထံ အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းတင့်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် အကောင်အတည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လအတွင်း တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် ဆောင်ရွက်ရမည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းလျာထားချက်ဆိုင်ရာ ကိစ္စရပ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

မင်းဘူးခရိုင်နှင့် မြို့နယ်(၅)မြို့နယ်ရှိ ဌာနဆိုင်ရာများအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လအတွင်း တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများနှင့် ရင်းနှီးမြှပ်နှံမှု လျာထားချက်ဆိုင်ရာ ကိစ္စရပ်များကို တိုင်းဒေသကြီး ဘဏ္ဍာရံပုံငွေ မီနီဘတ်ဂျက်မှ ခွင့်ပြုငွေကျပ်သန်းပေါင်း (၁၃၀၈၉.၆၅၇) ကျပ်သန်းဖြင့် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ကဏ္ဍအလိုက် လုပ်ငန်းအရေအတွက်ပေါင်း (၂၉၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မင်းဘူးခရိုင် စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ သိရသည်။

သတင်း - မောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment