Pages

Pages

လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူ ၆၁၆၂ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး



လှည်းကူး၊ အောက်တိုဘာ   ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၆၁၆၂ ဦးကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးပေးနှံပေးပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို အောက်တိုဘာ ၁၇ ရက်က စတင်၍  သတ်မှတ်ဆေး ထိုးစုရပ် နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ  ကျောင်းသား/သူများ၏ မိဘ အုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေး ခြင်းနှင့် သွေးတွင်းအေက်ဆီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးနောက် ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊/သူများအား မိနစ် (၃၀)ခန့် အနားယူစေပြီး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုတွင် အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်းမှ ကျောင်းသား ၂၂၂၃ ဦး၊ ကျောင်းသူ ၂၂၄၄ ဦးနှင့် အထက်တန်း ကျောင်းသား ၈၁၅ ဦး၊ ကျောင်းသူ ၈၈၀ ဦး စုစုပေါင်း ၆၁၆၂ ဦး ရှိကြောင်း သိရှိရသည်။

သတင်း - ကျော်ကျော်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment