လှိုင်းဘွဲမြို့နယ် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်/ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်းဆန်/ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း



လှိုင်းဘွဲ၊ အောက်တိုဘာ   ၃၀

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ)စစ်ဗျူဟာမှူးနှင့် စစ်ဗျူဟာအခြေချ (လှိုင်းဘွဲ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/ တပ်ဖွဲ့ဝင်များ၊ အရာရှိစစစ်သည်မိသားစုဝင်များက ရဟန်း/ သံဃာများအတွက် နေ့လယ်ဆွမ်းနှင့်  ဆွမ်းဆန်/ဆီ/ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါဆက်ကပ်လှူဒါန်းရာတွင် စစ်ဗျူဟာအခြေချ(လှိုင်းဘွဲ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူးကျော်နှင့် တပ်ရင်း/တပ်ဖွဲ့များ၊ အရာရှိ/စစ်သည်မိသားစုများက လှိုင်းဘွဲမြို့နယ် ကျီးမနိုးဘုန်းတော်ကြီး ကျောင်းရှိ ကထိန်ပွဲတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဒိုင်းပြဘုန်းတော်ကြီးကျောင်းတွင် ရဟန်း/သံဃာများ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲမရှိစေရန်အတွက် ဆွမ်းဆန်/ဆီ/ကြက်ဥနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)