ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်အတွင်း မိုးစပါးသီးနှံသဘာဝဘေး(ရွှေခရု) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား သွင်းအားစုပုလဲမြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အိမ်မဲမြို့နယ်အတွင်း မိုးစပါးသီးနှံသဘာဝဘေး(ရွှေခရု) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား သွင်းအားစုပုလဲမြေသြဇာထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်

 



အိမ်မဲ၊ အောက်တိုဘာ   ၃၀

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ၂၀၂၁ -၂၀၂၂ ခုနှစ် မိုးစပါးသီးနှံသဘာဝဘေး(ရွှေခရု) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော တောင်သူများအားသွင်းအားစု ပုလဲမြေသြဇာထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အိမ်မဲမြို့နယ် အတွင်း ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးသီးနှံသဘာဝဘေး(ရွှေခရု) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော တောင်သူများအား သွင်းအားစုပုလဲမြေသြဇာ ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့၊ တာဝန်ရှိသူများက ၂၀၂၁ခုနှစ်-၂၀၂၂ခုနှစ် မိုးစပါးသီးနှံသဘာဝဘေး(ရွှေခရု) ကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ကျေးရွာ (၃၀) မှ တောင်သူပေါင်း(၁၈၂၅)ဦးအတွက် သွင်းအားစု ပုလဲမြေသြဇာ (၆၂၀၅)အိတ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ရာ တောင်သူများ ကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)