ရွှေဘိုမြို့နယ်တွင် ၂၀၂၀-၂၁ ခုနှစ် မိုးစပါးရာသီ၌ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံထိခိုက်ဧကများ အတွက် ယူရီးယား ဓာတ်မြေဩဇာများထောက်ပံ့ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေဘိုမြို့နယ်တွင် ၂၀၂၀-၂၁ ခုနှစ် မိုးစပါးရာသီ၌ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံထိခိုက်ဧကများ အတွက် ယူရီးယား ဓာတ်မြေဩဇာများထောက်ပံ့



ရွှေဘို၊ အောက်တိုဘာ   ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ၂၀၂၀-၂၁ မိုးစပါးရာသီ၌ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံ ထိခိုက်ဧကများအတွက် ယူရီးယား၊ ဓာတ်မြေဩဇာများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီ က ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ရှင်ယွန်းစံခန်းမတွင်ကျင်းပသည် ။

ရှေးဦးစွာ ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုလိုထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေက တောင်သူ လယ်သမားအခွင့်ရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ တောင်သူများ နစ်နာမှု‌အပေါ် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းမှ   ရွှေဘိုမြို့နယ်တွင် ၂၀၂၀-၂၁ခုနှစ် မိုးစပါးရာသီ၌ ရေကြီးနစ်မြုပ်မှု ကြောင့် ကျေးရွာအုပ်စု(၁၂)အုပ်စုရှိ တောင်သူ(၈၂၃)ဦး၏ စိုက်ဧက (၂၁၆၁)ဧက သီးနှံထိခိုက်မှု ရှိခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်သူ(၈၂၃)ဦး၏ မိုးစပါးသီးနှံထိခိုက်ဧက(၂၁၆၁)ဧကအတွက် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းတို့မှ  ယူရီယားဓာတ်မြေဩဇာ (၂၅၉)အိတ် ထောက်ပံ့ပေး အပ်ခဲ့သည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)