ရွှေဘို၊ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ၂၀၂၀-၂၁ မိုးစပါးရာသီ၌ ရေကြီးနစ်မြုပ်မှုကြောင့် သီးနှံ ထိခိုက်ဧကများအတွက် ယူရီးယား၊ ဓာတ်မြေဩဇာများထောက်ပံ့ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီ က ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ရှင်ယွန်းစံခန်းမတွင်ကျင်းပသည် ။
ရှေးဦးစွာ ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယခုလိုထောက်ပံ့ပေးရခြင်းနှင့်ပတ်သက်၍ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေက တောင်သူ လယ်သမားအခွင့်ရေး ကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေအရ တောင်သူများ နစ်နာမှုအပေါ် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းမှ ရွှေဘိုမြို့နယ်တွင် ၂၀၂၀-၂၁ခုနှစ် မိုးစပါးရာသီ၌ ရေကြီးနစ်မြုပ်မှု ကြောင့် ကျေးရွာအုပ်စု(၁၂)အုပ်စုရှိ တောင်သူ(၈၂၃)ဦး၏ စိုက်ဧက (၂၁၆၁)ဧက သီးနှံထိခိုက်မှု ရှိခဲ့ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တောင်သူ(၈၂၃)ဦး၏ မိုးစပါးသီးနှံထိခိုက်ဧက(၂၁၆၁)ဧကအတွက် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဆွေနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာမင်းတို့မှ ယူရီယားဓာတ်မြေဩဇာ (၂၅၉)အိတ် ထောက်ပံ့ပေး အပ်ခဲ့သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment