ထန်တလန်၊ အောက်တိုဘာ ၃၀
ချင်းပြည်နယ်၊ ထန်တလန်မြို့၊ ရပ်ကွက်(၄)၌ PDF အကြမ်းဖက်သမားများ မီးရှို့ခဲ့သဖြင့် အိမ်ခြေ(၆၀)ကျော်
မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်သမားများနှင့် ၎င်းတို့ကို ဝန်းရံရပ်တည်နေသည့် သတင်းဌာနများသည် ၎င်းတို့ကိုယ်တိုင် ဖျက်ဆီးခဲ့သည်များကို တပ်မတော်က ဖျက်ဆီးသယောင် မမှန်မကန် သတင်းမှားများ လုပ်ကြံဖန်တီး၍ တပ်မတော်အပေါ် ပြည်သူအများ အထင်လွဲမှားအောင် ရေးသားဖော်ပြကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကင်းမကျေးရွာတွင် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာတွင်းရှိ သက်ကြီးရွယ်အိုများကို ရဲတပ်ဖွဲ့ဝင်များက ကယ်တင်ခဲ့ရသည့် ဖြစ်စဉ်တွင်လည်း DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now နှင့် BBC, VOA, RFA အစရှိသော သတင်းဌာနများက တပ်မတော်လုံခြုံရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးသယောင် သတင်းမှားများဖော်ပြခဲ့ကြသည်။
NLD, PDF အကြမ်းဖက်သမားများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် EAO အဖွဲ့များနှင့် ပူးပေါင်း၍ ဆူပူအကြမ်းဖက်လုပ်ရပ်များကို အဆိုးရွားဆုံးအခြေအနေ ဖန်တီးလုပ်ဆောင်နေခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment