မိုးမိတ်၊ နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ဈေးသည်များ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ဒေသခံတိုင်းရင်သားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်ဘုရားဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံရာ၌ ကျန်းမာရေးဆရာမများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ကိုဗစ်ကာကွယ် ဆေးမထိုးမီ စာရင်းပေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးထဲတွင် ရှိသည့် အောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ အခြေအနေ မှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်သည်။
ယနေ့အထိ မိုးမိတ်မြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် လျာထားဦးရေမှာ (၄၈၅၃၆) ဦးဖြစ်ပြီး ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ (၁၇၄၉၆) ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၁၁၂၆၂) ဦး ထိုးနှံပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။
သတင်း - မိုးမိတ်သား(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment