ဗန်းမော်၊ ဖေဖော်ဝါရီ ၄
ဗန်းမော်မြို့၊ နောင်ခိုရပ်ကွက်အနီးတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် KIA/PDF အကြမ်းဖက်သမား ၅၀ ဦးတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၈လောင်းနှင့် လက်နက်မျိုးစုံ ၁၁ လက် ( KA သေနတ် ၇ လက်၊ စက်လတ် ၁ လက်၊ ဘီဇူကာ ၂ လက်၊ RPG ၁ လက်)၊ ခဲယမ်း/ဗုံးသီး အများအပြား သိမ်းဆည်းရရှိခဲ့သည်။
အလားတူ ညပိုင်းအချိန်တွင် တပ်ရင်းဌာနတစ်ခုအား တိုက်ခိုက်ရန်ချဉ်းကပ်လာသည့် အကြမ်းဖက် KIA/PDF ၂၅၀ ခန့်အား အပိုင်းလိုက် ဖြတ်တောက်ချေမှုန်းခဲ့ရပြီး KIA/PDF အလောင်း ၁၃ လောင်း၊ လက်နက်မျိုးစုံ ၇ လက်၊ KA သေနတ် ၅ လက်၊ ဘီဇူကာ ၁ လက်၊ MA-1 သေနတ် ၁ လက်၊ ခဲယမ်း/ဗုံးသီးများ သိမ်းဆည်းရရှိခဲ့သည်။
ယမန်နေ့က ဗန်းမော်တိုက်ပွဲများတွင် အကြမ်းဖက်သမား အလောင်း ၂၁ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက် တို့အား သိမ်းဆည်းရရှိခဲ့ပြီး စစ်သည်တစ်ဦး ကျဆုံးခဲ့ရပြီး စစ်သည်၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment