ဘောလုံးပွဲရှုံးလို့ မော်ရိုကိုပရိသတ်က အင်္ဂလန်မှာ သောင်းကျန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘောလုံးပွဲရှုံးလို့ မော်ရိုကိုပရိသတ်က အင်္ဂလန်မှာ သောင်းကျန်း


ဇူလိုင် - ၁၀ ( သောကြာနေ့ )

နေ့ညက ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲမှာ မော်ရိုကိုအသင်းက ပြင်သစ်အသင်းကို ၂ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မော်ရိုကို ဘောလုံးပရိသတ်တွေဟာ လန်ဒန်မြို့မှာ သောင်းကျန်းကြလို့ ရဲတပ်ဖွဲ့နဲ့ ရုန်းရင်းဆန်းခင်း ဖြစ်ပွားခဲ့ကြပါတယ်။

ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို ထိန်းချုပ်ဖို့ ဒိုင်းတွေ၊ နံပါတ်တုတ်တွေ ကိုင်ဆောင်ထားတဲ့ ရဲဝန်ထမ်းတွေကို အက်ဂျ်ဝဲလမ်း ဆီသို့ စေလွှတ်ခဲ့ရပြီး အချို့ပရိသတ်တွေက ရဲတွေကို ရန်စတာ၊ ပုလင်းတွေ၊ ခဲတွေ၊ တခြားအရာဝတ္ထုတွေနဲ့ ပစ်ပေါက်တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာနေရာက ဗီဒီယိုဖိုင်တစ်ခုမှာတော့ လူနာတင်ယာဉ်အချို့ အနီးအနားမှာ ရပ်ထားပြီး ရဲအရာရှိတွေက လဲကျနေတဲ့ သူတို့လုပ်ဖော်ကိုင်ဖက်တစ်ဦးကို ပြုစုပေးနေတာကို တွေ့ရပါတယ်။ နောက်ထပ် ဗီဒီယိုဖိုင်တစ်ခုမှာလည်း လူအုပ်ကြီးက ရဲအရာရှိတစ်စုနောက်ကို လိုက်လံမောင်းထုတ်ပြီး ပစ္စည်းတွေနဲ့ လှမ်းပစ်ပေါက်နေတာကို တွေ့ရပါတယ်။

ပြင်သစ်အသင်းဟာ မက်ဆာချူးဆက်ပြည်နယ်၊ ဖောက်စ်ဘရိုမြို့က ဂီလက်တီကွင်းမှာ မော်ရိုကိုအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ကီလီယန် အမ်ဘာပေနဲ့ အူစမန် ဒမ်ဘီလီတို့က တစ်ဂိုးစီ သွင်းယူခဲ့ကြတာဖြစ်ပါတယ်။

ပွဲမစတင်ခင်မှာ ပြင်သစ်အားကစားဝန်ကြီး မာရီနာ ဖာရာရီက ပရိသတ်တွေကို 'တာဝန်သိသိနဲ့ စည်းကမ်းရှိရှိ အောင်ပွဲခံကြဖို့' တိုက်တွန်းခဲ့သလို၊ ပြည်ထဲရေးဝန်ကြီး လော်ရင့် နူးညက်ဇ်ကလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပိုဆောင်းလုံခြုံရေးအစီအမံတွေ ချမှတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေ ပဲရစ်မြို့မှာ အောင်ပွဲခံခဲ့ကြစဉ်အတွင်း ဘယ်လိုရုန်းရင်းဆန်းခင်းမှုမှ ဖြစ်ပွားခဲ့တာမျိုး မရှိပါဘူး။

၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကိုတော့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး အင်္ဂလန်အသင်းဟာ ဇူလိုင် ၁၁ ရက်မှာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝေအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)