မင်းလှမြို့တွင် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်‌ဆေးဆက် လက်ထိုးနှံ‌ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ကျောင်းသား ကျောင်းသူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ကာကွယ်‌ဆေးဆက် လက်ထိုးနှံ‌ပေး

မင်းလှ၊ နိုဝင်ဘာ  ၁၆

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက် တန်းကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံပေးခြင်းကို ကျောင်းဆေးထိုးစုရပ်(၈)နေရာတွင် နိုဝင်ဘာ ၁၆ ရက်၌ ထိုးနှံပေးလျက်ရှိသည်။

မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း(၅၀)မှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၄၁၈၈)ဦးကို ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံ‌ပေးနိုင်ခဲ့ပြီး၊ နိုဝင်ဘာ ၁၅ ရက်နေ့မှစတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံပေးခဲ့၍ ယနေ့ချိန်တွင် ကျောင်းသားကျောင်းသူအား ကာကွယ်ဆေး ဆက်လက် ထိုးနှံ‌ပေးလျက် ရှိ‌ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ.ထ.က မင်းလှ (မြို့ပြင်)၊အ.ထ.က စိန်ကန့်လန့်၊ အ.ထ.က စစ်ကွင်း၊ အ.ထ.ကရေကျော်၊ အ.ထ.က ရွှေလောင်း၊ အ.ထ.က(ခွဲ) ကိုင်းပြင်ကြီး၊ အ.ထ.က(ခွဲ) ဦးတိုစာဖြူစု၊ အ.ထ.က(ခွဲ) ကညင်ပင်တို့တွင် ကျောင်းများအလိုက် ကာကွယ် ဆေးထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)