Pages

Pages

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ်၊ ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံ



နွားထိုးကြီး၊ နိုဝင်ဘာ  ၁၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထ အသုတ်၊ ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈) နှစ်အထက် ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ် အထက်၊ပြည်သူ (၄၄၅ )ဦး အားထိုးနှံပြီး စုစုပေါင်း (၂၂၉၅)ဦးအား အဆို ပါဆေးထိုးခြင်း လုပ်ငန်း များကို မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံ ခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အဖွဲ့ဝင်နှင့်ပူး ပေါင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

ဆက်လက်၍ ကျန်ရှိနေသေးသည့် ကျေးရွာများကိုလည်း သတ်မှတ်ဦးစားပေး အုပ်စု အလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းအောင်ဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment