Pages

Pages

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင်မှု ၈၉၉၆၁ ဦးထိုးပေးနိုင်ပြီဖြစ်


ညောင်ဦး၊  နိုဝင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၈၉၉၆၁ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန်   သတ်မှတ်စုရပ် နေရာ(၁၂) နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ် ဆေး ထိုးပေးနိုင်မှု ၅၂၄၃၅ ဦး၊ Sinopharm ဒုတိယအကြိမ် ၃၃၂၂၀ဦး၊ Sinovac ပထမအကြိမ် ၃၁၀၆ ဦး၊ Sinovac ဒုတိယအကြိမ် ထိုးပေးနိုင်မှု ၁၂၀၀ ဦး၊စုစုပေါင်း ၈၉၉၆၁ ဦး ထိုးနိုင်ပေးခဲ့ပြီဖြစ်ကာ သတ်မှတ်အုပ်စုအလိုက်၊ ၁၈ နှစ် အထက်၊ ၄၀ နှစ်အထက်နှင့် ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် အသက် ၆၅ နှစ်အထက်များကိုလည်း ကွင်းဆင်း ၍ သော်လည်းကောင်း၊ သတ်မှတ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment