ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေးလျက်ရှိ

 





ပင်းတယ၊ နိုဝင်ဘာ   ၁

ကိုဗစ်-၁၉ တတိယလှိုင်းကာလ ရောဂါကူးစက်မှုများ လျော့ကျလာစေရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီများ ဖွဲ့စည်းပြီး တိုင်းဒေသကြီး၊ ပြည်နယ်နှင့်မြို့နယ်များ၊ ကျေးလက် ဒေသများပါမကျန် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ နိုဝင်ဘာ ၁ ရက်နေ့ နံနက် (၉)နာရီက  ရဟန်းသံဃာတော်များ၊ သက်ကြီးရွယ်အိုများ၊  အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ပထအအသုတ်အဖြစ် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပင်းတယမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတလူငယ်အဖွဲ့များ၊  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ယခုထိုးနှံပေးသည့် ကာကွယ်ဆေးမှာ Sinopharm အမျိုးအစား ဖြစ်ပြီး၊ ပင်းတယမြို့နယ်အတွင်း ယနေ့ထိ ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၇၇၄) ဦး၊ ရောဂါ သက်သာ ပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရှိသူ  (၁၅၉၉) ဦး၊  ဆက်လက် ဆေးကုသမှု ခံယူနေဆဲ ဦးရေ ( ၁၅၂ ) ဦးနှင့်  ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူဦးရေ (၂၃) ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)