ကျောက်တလုံးကြီးမြို့ဈေးတွင် ဈေးရောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တလုံးကြီးမြို့ဈေးတွင် ဈေးရောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်




ကျောက်တလုံးကြီး၊ နိုဝင်ဘာ   ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့ဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကာကွယ်တားဆီးရန် ယနေ့ နံနက် ၈ နာရီခန့်က ကျောက်တလုံးကြီးမြို့ဈေး၌ ဈေးရောင်းချလျက်ရှိသော ဈေးသည်များကို ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် နောင်ကားကျေးလက်ကျန်းမာရေးဌာမှ စစ်ဆေးဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် နောင်ကားကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးသူသူအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျောက်တလုံးကြီးမြို့ဈေးတွင် လာရောက်၍ ဈေး ရောင်းချလျက်ရှိသော တောင်ကြီးမြို့မှဈေးသည်များ ၊ညောင်ရွှေမြို့မှဈေးသည်များ၊ ဆိုက်ခေါင်မြို့မှ ဈေးသည်များ၊ နောင်မွန်မြို့မှဈေးသည်များ၊ နမ့်ခုတ်မြို့မှဈေးသည်များ၊ ဘန်းယဉ်မြို့မှဈေးသည်များ၊ ရွှေညောင်မြို့မှ ဈေးသည်များနှင့် ကျောက်တလုံးကြီးမြို့မှဈေးသည်များစုစုပေါင်း(၅၆)ဦးတို့အား RDT Test Kitဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးပေးရာ ရောဂါပိုးမရှိကြောင်းသိရှိရသည်။ 

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်တလုံးကြီးမြို့မှမြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၊ ကျောက်တလုံးကြီးမြို့၊နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့်မြို့ပေါ်ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

သတင်း - မြဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)