ကာလိ၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့ ၊ ဟိုပန်ကျေးရွာအုပ်စု နေပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီ အချိန်ခန့်က ဝမ်ဆတ်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ဟိုပန်ကျေးရွာစုအုပ်ချုပ်ရေးမှူး ဦးစိုင်းအုန်းပွင့်နှင့် ကာလိမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများတို့က သွားရောက်ကူညီ ဆောင်ရွက်၍ ကြီးကြပ်ဆောင်ရွက်ပေးကာ ဟိုပန်ကျေးရွာအုပ်စုမှ ဟိုပန်ကျေးရွာ၊ ဝမ်ဆတ်ကျေးရွာ ၊ ပန်လုံကျေးရွာ ၊ နမ့်ဟူးလိန်ကျေးရွာ ၊ နမ့်လန်ကျေးရွာ ၊ နားဟိုက်ကျေးရွာ ၊ နောင်ခမ်းကျေးရွာ ၊ ပါကွေ့ကျေးရွာ ၊ ဆိုင်းခေါင်ကျေးရွာရှိ ပြည်သူများ (၃၆၅)ဦး တို့အား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - ကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment