ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်



မြစ်ကြီနား၊ နိုဝင်ဘာ  ၃


ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ အား ခရိုင်များသို့ တာဝန်ပေးအပ်ပွဲနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့် မြစ်ကြီးနားမြို့၌ Safe & Sure Auto Service Co., Ltd ဖွင့်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ကချင်ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လဒေသန္တရစီမံကိန်း ဒေသန္တရစီမံကိန်းတွင် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အနေဖြင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဝန်ကြီးဌာန (၁၃)ခုတို့အတွက် ရည်မှန်းချက်အတိုင်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ခရိုင် စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌများ ဖြစ်သော ခရိုင်အုပ်ချုပ်‌ရေးမှူးများကို စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ခရိုင်အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း စီမံကိန်းရည်မှန်းချက်များအတိုင်း ပြည့်မီကျော်လွန်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တို ဘာလမှ မတ်လအထိ (၆)လ ဒေသန္တရစီမံကိန်းရည်မှန်းချက်များကို ပြည်နယ်အတွင်းရှိ ခရိုင် ၄ ခရိုင်မှ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများဖြစ်သော ခရိုင်အုပ်ချုပ်‌ရေးမှူးများ ထံ တာဝန်ပေးအပ်ခဲ့သည်။


ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ် အမျိုးသားစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲနိုင်ရေးအတွက် အခြေခံမည့် အမျိုးသားစီမံကိန်း ၅ နှစ်စီမံကိန်းတွင် စီမံကိန်း၏ ရည်မှန်းချက်များနှင့် ဆောင်ရွက်ရမည့် အစီ အစဉ်များကို ထည့်သွင်း‌ရေးဆွဲဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ယင်းနောက် ပြည်နယ်စီမံကိန်းဦးစီးရုံးမှ ပြည်နယ်ဦးစီးမှူးဒေါ်ဟန်အေးက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အထိ (၅)နှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးနှင့်၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ၅ နှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးမူဘောင်များ၊ ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီမံကိန်းရေးဆွဲခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း တင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်း ချမှတ်ရေးဆွဲရေးသည် ယခင် နှစ်ရှည်စီမံကိန်းများဖြစ်သော NCDP နှင့် MSDP တို့ကို ပြန်လည်သုံးသပ်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ‌ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်တို့ကို အခြေခံမူများ ထားရှိပြီး စီမံကိန်းရည်မှန်းချက်များ၊ ဆောင်ရွက်ရမည့်အစီအစဉ်များအတိုင်း ပြည်နယ်၏ စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်ရေးအတွက် စီမံချက်ပါလုပ်ငန်းစဉ်များ၊ အစီအစဉ် များနှင့် ချိတ်ဆက်ဆောင် ရွက်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် နှစ်စဉ်နှင့် ကာလတို (၅)နှစ် စီမံကိန်းများဖြစ်စေရေး လုပ်ငန်းလမ်းညွှန်ချက်ပါအတိုင်း ရေးဆွဲဆောင်ရွက်သွားနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရုံး၌ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပူတာအိုခရိုင်၊ ပူတာအို၊ နောင်မွန်း မြို့နယ်များသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရန်အတွက် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ နယ်လှည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးအဖွဲ့များ မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာမှုကို ကြိုဆိုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ချီးမြှင့် ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)