မဲလိမ်မဲခိုးမှုတွေကြောင့် NLD ထိပ်ပိုင်းခေါင်းဆောင်တွေ ထိန်းသိမ်းခံရပြီး ၂ရက်အကြာမှာ NLDထောက်ခံသူတွေ ဆူပူအုံကြွဆန္ဒပြမှုတွေ စတင်ခဲ့ကြပါတယ်။ NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုနဲ့ အမေရိကန် ပါဝင်ပတ်သက်နေမှုကို အထူးပြောဖွယ်ရာ မလိုပေမယ့် အများပြည်သူ သိရှိသဘောပေါက်စေချင်လို့ပါ။
ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာ ရွေးကောက်ပွဲများကို သမာသမတ်ရှိရှိ ကျင်းပရပါတယ်။ အမေရိကန် လိုလားတဲ့ NLD ပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်ခဲ့တဲ့ဆိုတာကို USDP တစ်ပါတီတည်းက ပြောခဲ့တာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲကာလမှာကတည်းက PPP ပါတီက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ဖော်ထုတ်ပြောဆိုခဲ့ရတဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
သို့ပေသော် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများဟာ လက်ဝါးချင်းရိုက်ပြီး မဲသူခိုးပါတီ NLD ပါတီဘက်ကနေသာ တစ်ဖက်သတ်ရပ်တည်ခဲ့ပါတယ်။
၂၀၁၆ ကာလ အမေရိကန်သံရုံးက ခိုးဝင်ဘင်္ဂလီတွေကို လူမျိုးအမည်သုံးစွဲပြီး ထုတ်ပြန်ခဲ့တဲ့အပေါ် ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားသူတွေက သံရုံးရှေ့မှာ သွားရောက်ဆန္ဒပြခဲ့စဉ်က အခြေအနေနဲ့ NLDထောက်ခံသူ ဆူပူဆန္ဒပြသူတွေ အမေရိကန် သံရုံးရှေ့မှာ ဆန္ဒပြအကူအညီတောင်းခံမှုတွေကိုလည်း နှိုင်းယှဉ်ကြည့်နိုင်ပါသေးတယ်။
သူတို့ရဲ့ လူမျိုးလိမ်ဖန်တီးသုံးစွဲမှုကို ကန့်ကွက်ခဲ့တဲ့အချိန်ဟာ NLD ပါတီ အာဏာရနေတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်တို့ကို တရားစွဲဆို ထောင်ချဖို့ အမေရိကန်သံအမတ်ကိုယ်တိုင်က ဒေါ်စုဆီသွားပြီး တောင်းဆိုခဲ့တယ်။ ဒေါ်စုဟာလည်း အမေရိကန်နဲ့ အနောက်အုပ်စုအလိုကျ ရပ်တည်တဲ့ အစိုးရဖြစ်လေတော့ ဦးပါမောက္ခ အပါအဝင် သံဃာတော်(၃)ပါးနဲ့ လူပုဂ္ဂိုလ် (၄)ဦးကို ၅၀၅(ခ) ပုဒ်မတပ်ပြီး တရားစွဲဆိုထောင်ချခဲ့တဲ့ မှတ်တမ်း ရှိခဲ့ပါတယ်။ မဲလိမ်မဲခိုးပါတီ NLD ကို ထောက်ခံတဲ့သူတွေက သံရုံးရှေ့မှာ ဆန္ဒပြပြီး သူတို့ကို အကူအညီတောင်းနေတဲ့အခါကြတော့ သံရုံးက ဘာတစ်ခွန်းမှ မဟတော့ပါဘူး။
NLD ပါတီက ဦးဆောင်သူတချို့နဲ့ ထောက်ခံသူတွေ ဆူပူအကြမ်းဖက်နေတဲ့ ကာလတလျှောက် အမေရိကန် သံရုံးနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ ပူးတွဲထုတ်ပြန်ချက်တွေကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင် မဲသူခိုးပါတီ NLDဘက်က တဖက်သတ်ရပ်တည်ပြီး ထုတ်ပြန်ပြောဆိုခဲ့တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ အစိုးရတစ်ရပ်ကို မမှန်ကန်တဲ့သတင်းအချက်အလက်တွေကိုးကားပြီး ဖိအားပေးမှုတွေ အစဉ်တစိုက် လုပ်ခဲ့တာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
အမေရိကန် - အာဆီယံ တွေ့ဆုံမှု မတိုင်မီ ထုတ်ပြန်ချက်တချို့ကို လေ့လာကြည့်ပါ။
အောက်တိုဘာ ၂၅ရက်နေ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ “အမျိုးသားလုံခြုံရေးအကြံပေး ဂျိုက်ဆူလီဗန်နှင့် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်တို့၏ တွေ့ဆုံမှုနှင့်ပတ်သက်၍ အမျိုးသားလုံခြုံရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီမလီဟွန်း၏ထုတ်ပြန်ချက်” ဆိုတဲ့ထုတ်ပြန်ချက်မှာ "အမျိုးသားလုံခြုံရေးအကြံပေး ဂျိုက်ဆူလီဗန်သည် မြန်မာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်များဖြစ်ကြသည့် ဒူးဝါးလရှီလ၊ ဒေါ်ဇင်မာအောင်တို့နှင့် ယနေ့အွန်လိုင်းကတစ်ဆင့်တွေ့ဆုံခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက် အမေရိကန်ပြည်ထောင်စု၏ဆက်လက်ထောက်ခံအားပေးနေမှုကို မစ္စတာဆူလီဗန်က အထူးအလေးပေးပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်နေမှုများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြပါသည်။ မြန်မာစစ်တပ်၏ရက်ရက်စက်စက် အကြမ်းဖက်နေမှုနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း မစ္စတာဆူလီဗန်ကပြောကြားခဲ့ပြီး အာဏာသိမ်းမှုအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိစေရေးအတွက်လည်း အမေရိကန်ပြည်ထောင်စုက ဆက်လက်လုပ်ဆောင်သွားမည့်အကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။ မကြာသေးမီက ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူ ကိုဂျင်မီအဖမ်းခံရခြင်းနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်းကိုလည်းပြောကြားခဲ့ပြီး ၎င်းလွှတ်မြောက်ရေးနှင့် မတရားဖမ်းဆီးခံထားရသူအားလုံး လွှတ်မြောက်ရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ဦးဆောင်လှုပ်ရှားသွားမည့် အကြောင်းကိုလည်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးဆိုင်ရာဌာနက ဂျိုက်ဆူလီဗန် ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ပြောကြားချက်တွေဟာ မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေတာနဲ့ အလွန်အမင်း ကွာဟနေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုပြီး တပ်မတော်က အကြမ်းဖက်နေသယောင် စွပ်စွဲပြောဆိုချက်တွေဟာ ယုတ္တိကင်းမဲ့လွန်းပါတယ်။
ဒါကို ထောက်ရှုခြင်းအားဖြင့် အမေရိကန်ရဲ့ ဝါဒက သူ့နိုင်ငံအတွင်းမှာသာ ဒီမိုကရေစီစနစ်ကို ရှေ့တန်းတင်ပြီး သူ့တို့အမျိုးသားလုံခြုံရေးသည်သာ ပဓာနဖြစ်တာကို တွေ့ရပါလိမ့်မယ်။ မြန်မာနိုင်ငံအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတဲ့ NUG ကို ထောက်ပံ့တယ်။ အကြမ်းဖက်အဖွဲ့ NUG နဲ့ ဆက်ဆံတယ်။ မျက်နှာပြောင်တိုက်ပြီး အကြမ်းဖက်အားပေးလုပ်နေတယ်ဆိုတာ ထင်ရှားပေါ်လွင်လာပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုက်ဒန် ကိုယ်တိုင်က အကြမ်းဖက်အားပေး ပြောဆိုထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ “အမေရိကန်-အာဆီယံ နှစ်စဉ် ထိပ်သီးစည်းဝေးပွဲကြီးကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ၊ အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ သမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာ တက်ရောက်ခဲ့ပါသည်။ သမ္မတကြီးက အာဆီယံနှင့်မိမိတို့၏ မိတ်ဖက်လက်တွဲဆောင်ရွက်မှု ပိုမိုအားကောင်းစေရေးအတွက် ထားရှိသောအမေရိကန်၏ကတိကဝတ်နှင့် အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ ဗဟိုအချက်အချာကျမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး အင်ဒိုပစိဖိတ်ဆိုင်ရာ အာဆီယံ၏အမြင်ကိုလည်းချီးကျူးပြောဆိုခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြောကြားခဲ့ပြီး အကြမ်းဖက်နေမှုချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့်မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရန် နိုင်ငံ၏စစ်အာဏာရှင်ကိုတောင်းဆိုခဲ့ပါသည်။” လို့ ထုတ်ပြန်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန် ဟာ လူ့ပရမ်းပတာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်သွားပါတယ်။ မဲလိမ်မဲခိုး လုပ်ပြီး အာဏာရယူဖို့ ကြိုးစားတဲ့ NLD ပါတီဘက်နေ အစဉ်သဖြင့် ရပ်တည်ခဲ့တယ်။ NLD ပါတီကနေပဲ အဖွဲ့မျိုးစုံဖွဲ့ပြီး အကြမ်းဖက်မှုတွေ လုပ်နေတာကို မသိ၊ မမြင်လောက်အောင် ပိန်းပိတ်ပြီး ကန်းနေကြတာတော့ မဟုတ်ပါဘူး။ သူတို့စနစ်တကျ မွေးထားတဲ့ မီဒီယာတွေရဲ့ ပရမ်းပတာဖော်ပြမှုတွေကိုပဲ ကိုးကားပြီး ပြောဆိုနေခြင်းဖြစ်ပါတယ်။ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်မှုတွေကို ကျူးလွန်နေတာက NLD, PDF တွေဆိုတာကိုတော့ ဂျိုးဘိုက်ဒန်က ထည့်မပြောခဲ့ပါဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် ပြန်လည်ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်ကို ပျက်ပြားအောင် ဖန်တီးနေတာက အမေရိကန်ပဲ ဖြစ်ပါတယ်။ မဲလိမ်မဲခိုး NLD အုပ်စုဘက်က အစဉ်သဖြင့် ရပ်တည်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နိုင်အောင် ထောက်ပံ့ပေးနေခြင်းက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေကို နှောင့်နှေးကြန့်ကြာအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။
အမေရိကန်နဲ့ EU နိုင်ငံတွေဟာ NLD ပါတီဘက်က အစဉ်တစိုက် ရပ်တည်ပြီး တပ်မတော်ကို မမှန်မကန် အချက်အလက်တွေနဲ့ ဘာကြောင့် ပစ်တင်စော်ကားနေကြသလဲ။ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်နိုင်တဲ့ အဖွဲ့အစည်းတစ်ရပ်အပေါ် အများပြည်သူက ယုံကြည်မှုကင်းမဲ့အောင် စနစ်တကျ လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ NLD က နိုင်ငံရေးသမားအမည်ခံ သူခိုးဓားရိုးကမ်းတဲ့ နွားတွေရဲ့ စနက်နဲ့ ပြည်သူတွေကို မှိုင်းတိုက်ပြီး တပ်မတော်နဲ့ ပြည်သူကို စနစ်ကျ သွေးခွဲနေတဲ့ အမေရိကန်နဲ့ EU ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက သိရှိနားလည်မယ်ဆိုရင် တပ်မတော်နဲ့ ပြည်သူ ကျောချင်းကပ်ပြီး စည်းလုံးညီညွတ်ရမယ့် အခြေအနေကို သဘောပေါက်နားလည်ကြပါလိမ့်မယ်။
မြန်မာနိုင်ငံအတွင်းမှာ အမေရိကန်ကနေ ထောက်ပံ့ပေးထားတဲ့ NLD, CRPH, NUG, PDF အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ရဟန်းရှင်လူပြည်သူ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် ပြည်သူ့ဝန်ထမ်း ၁၃၅၀ အထိ ရှိသွားပါပြီ။ NLD, PDF အကြမ်းဖက်အဖွဲ့တွေက ဗုံးခွဲဖျက်ဆီးခြင်း၊ မိုင်းခွဲဖျက်ဆီးခြင်းကြောင့် နိုင်ငံတော်ပိုင် အဆောက်အဦးတွေ အများပြည်သူပိုင် အဆောက်အဦးတွေလည်း ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ NLD, PDF အကြမ်းဖက်သမားတွေကို အဓိက ထောက်ပံ့ပေးပြီး မြန်ပြည်ကို ဖျက်ဆီးနေတာကတော့ အကြမ်းဖက်အားပေး အမေရိကန် လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ မြန်မာပြည်ပျက်သုဉ်းရေးအတွက်ကို အသားထဲက လောက်ထွက်နေတဲ့ နိုင်ငံရေးနွားတွေကို အသုံးချပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment