ဖျာပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိ



ဖျာပုံ၊ နိုဝင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလ အတွင်း၊ ကျောင်းများ ယာယီပိတ်ထားခဲ့ရာမှ ယခုအခြေအနေတွင် ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည့်အတွက် နိုဝင်ဘာလ(၁) ရက်နေ့မှစတင်၍ ဖျာပုံမြို့နယ်အတွင်းရှိ အခြခံပညာကျောင်းများအား ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဖျာပုံမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားမည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမားရေးဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အောက်တို ဘာလ (၁၇) ရက်နေ့က စတင်ထိုးနှံပေးခဲ့ပြီး၊ ယခုကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့က လုံခြုံရေးကိစ္စများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

သတင်း - အောင်ဝင်းနိုင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)