Pages

Pages

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ဓနုဖြူမြို့နယ်သို့ ရောက်ရှိ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေး



ဓနုဖြူ၊ နိုဝင်ဘာ   ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ မြင်းစုကျေးရွာအနီးရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဧက(၄၀၀)စပါးစံပြစိုက်ကွက်သို့ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့၊ နံနက်(၉)နာရီ (၂၅)မိနစ်အချိန်ခန့်ရောက်ရှိ၍ မိုးစပါးရိတ်သိမ်းမှုအခြေအနေအား ကြည့်ရှုလေ့လာခြင်း၊ ကပ်ခိုကျေးရွာ အုပ်စု၊ အင်းတောကျေးရွာရှိ အင်းတောဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်အား သင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ချောင်းစောက်ကျေးရွာအုပ်စု၊ ဦးချစ်စရာကျေးရွာရှိ ၁၆၀ KV ထရန်စဖော်မာဖွင့်ပွဲ သို့ရောက်ရှိ၍ အခမ်းအနား ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ခြင်း၊ ကျေးရွာရှိ မီတာပုံးတပ်ဆင်ထားရှိမှုအား ကြည့်ရှုခြင်းနှင့် လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်ခဲ့သည်။ ထို့နောက် အ.ထ.က(ဆကာကြီး)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံအမှာ စကားပြောကြားကာ Mask(၁၀)ဗူး၊ ဟန်းဂျယ်(၅)ဗူးနှင့် ငွေကျပ်(၅)သိန်း ပေးအပ်ခြင်းနှင့် ဆကာကြီးတိုက်နယ် ဆေးရုံသို့သွားရောက်၍ Mask(၂၀)ဗူး၊ ဟန်းဂျယ်(၅)ဗူးနှင့် ငွေကျပ်(၅)သိန်းအား ဆကာကြီးတိုက်နယ်ဆရာဝန် ဒေါက်တာ ဝင်းထွေးအောင်ထံ ပေးအပ်လှူဒါန်းခဲ့ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဓနုဖြူမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

No comments:

Post a Comment