Pages

Pages

ကျောင်းများ ပြန်လည်ဖွင့်လှစ်နေသည့် ကာလတွင် NLD ထောက်ခံသူ အကြမ်းဖက်မိစ္ဆာဝါဒီများက သရုပ်ပျက် ပိုစတာများ ကိုင်ဆောင်၍ ကျောင်းသား/ ကျောင်းသူများ စိတ်အနှောက်အယှက်ဖြစ်အောင် ဖန်တီးလျက်ရှိ




ရန်ကုန်၊ နိုဝင်ဘာ ၃

နိုင်ငံတော်အစိုးရက စာသင်ကျောင်းများကို နိုဝင်ဘာ ၁ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် ကျောင်းများ အဆင်ပြေချောမွေ့စွာဖွင့်လှစ်နိုင်သော်လည်း NLD, PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တချို့ကျောင်းများ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ပိတ်ထားရဆဲဖြစ်သည်။


NLD, PDF အကြမ်းဖက် မိစ္ဆာဝါဒီများသည် ကျောင်းသား/ ကျောင်းသူများ ပညာသင်ယူလိုခြင်းမရှိအောင် နည်းအမျိုးမျိုးဖြင့် နှောက်ယှက်လျက်ရှိပြီး အဓိပ္ပာယ်မရှိသော လုပ်ကြံစာသားများရေးသားထားသည့် ပိုစတာများဖြင့် အကြမ်းဖက်လှုံ့ဆော်မီဒီယာများမှ ဖော်ပြ၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ခြိမ်းခြောက်နေကြခြင်းဖြစ်သည်။


ကျောင်းသားမိဘတစ်ဦးက "လူစိတ်မရှိကြတော့ဘူးလို့ ထင်တယ်။ သူတို့ နိုင်ငံရေးအရ အစိုးရကို တိုက်တာ တိုက်ပေါ့။ အစိုးရကို မကျေနပ်တာနဲ့ပဲ စာသင်တဲ့ ဆရာ၊ ဆရာမကိုလည်း ရန်ရှာတယ်။ ကျောင်းတက်တဲ့ ကျောင်းသား၊ ကျောင်းသူကိုလည်း ရန်ရှာတယ်။ ဒီထက်ဆိုးတာက တချို့ဆရာ၊ ဆရာမတွေ လစာမရမှာစိုးလို့သာ CDM က နှုတ်ထွက်ပြီး စာလာသင်နေကြတာ။ သူတို့ကိုယ်တိုင်က မဲလိမ်မဲခိုး အစိုးရကို ထောက်ခံပြီး ကျောင်းစာသင်ခန်းထဲမှာ စာမသင်ဘဲ နိုင်ငံရေးတရားဟောနေတယ်။ ကျောင်းလာတက်တဲ့ ကလေးတွေကို ရန်လုပ်နေတဲ့ ဆရာမမျိုးတွေလည်း ရှိတယ်။ ပြောချင်တာက အဲဒီလောက်တော့ မယုတ်ကန်းကြစေချင်ဘူး။ မသင်ချင်ရင် ကျောင်းမလာနဲ့ပေါ့။ သူကိုယ်တိုင်ကြတော့ ကျောင်းလာပြီး ကျောင်းလာတက်တဲ့ ကလေးကို ပြဿနာရှာတယ်ဆိုတာ ဘယ်လောက်အထိ အောက်တန်းကျ ယုတ်မာတဲ့ အလုပ်လဲ။ နိုင်ငံရေးအစွန်းရောက်နေရင်လည်း နိုင်ငံရေးအစွန်းရောက် အလုပ်ပဲ လုပ်ကြ။ ဟိုလိုလို ဒီလိုလိုနဲ့ ကလေးတွေကို ဒုက္ခပေးနေတာတွေကိုတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနက အကြီးအကဲတွေက စိစစ်အရေးယူဖို့ ပြောချင်တယ်။" ဟု ဆိုသည်။


NLD, PDF အကြမ်းဖက်မိစ္ဆာဝါဒီများသည် သွေးကိုနင်းပြီး ကျောင်းမတက်နဲ့ ခွေးကိုနင်းပြီး ကျောင်းထွက်ခဲ့ပါ၊ သွေးစွန်းပညာရေး ဒို့အားမပေး၊ ကျောင်းထားတဲ့ မိဘများကို ဆဲဆိုသော ပိုစတာများ၊ စာသင်တဲ့ ဆရာမများကို ဆဲဆိုသော ပိုစတာများ၊ ကျောင်းတက်သည့် ကလေးများကို ဆဲဆိုသော ပိုစတာ အမျိုးမျိုးကို ကိုင်ဆောင်၍ လူမှုကွန်ရက်ပေါ်မှ ခြိမ်းခြောက်နေကြခြင်း ဖြစ်သည်။


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း နိုင်ငံရေးဆူပူအကြမ်းဖက်မှုမရှိသည့် ရခိုင်ပြည်နယ်တွင်သာ တည်ငြိမ်အေးချမ်းစွာ ကျောင်းများဖွင့်လှစ်နိုင်ခဲ့ပြီး အချို့သော စာသင်ကျောင်းများတွင် လုံခြုံရေးအားနည်းနေခြင်းကြောင့် ဆရာ၊ ဆရာမများ မလာခြင်း၊ ကျောင်းသားဦးရေ နည်းပါးနေခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment