Pages

Pages

ကျွန်တော်တို့ကလေးတွေ ပညာမသင်ရတော့ဘူးပေါ့ (အိတ်ဖွင့်ပေးစာ)


ကိုနောင်တော်လေး သတင်းအမှန်တွေကို ထုတ်ဖော်ပေးနေတာတွေ့လို့ ဝမ်းသာပါတယ်။ ကျွန်တော့်မိသားစုနဲ့ ဆက်စပ်ပြီး သိရတဲ့ မြေပြင်အခြေအနေလေးကို ပြောပြချင်လို့ပါ။ (၁)ရက်နေ့ကစလို့ ကျောင်းတွေ ပြန်ဖွင့်ပြီဆိုလို့ ဝမ်းသာအားရနဲ့ ကလေးသုံးယောက်ကိုခေါ်ပီး ကျောင်းသွားတက်တဲ့အခါ ကျောင်းတံခါးတွေပိတ်ထားပါတယ်။


ကိုယ်ပိုင်ကျောင်းဆိုတော့ လုံခြုံရေးမပေးနိုင်လို့မဖွင့်တာနေမှာ။ အစိုးရကျောင်းကိုမေးပြီး ကျောင်းပြောင်းထားလို့ရရင်လည်း ထားမယ်ပေါ့။ ဒါပေမဲ့ ကျောင်းအုပ်ဆရာမကြီးက အဲဒီကျောင်းက သူကိုယ်တိုင်စစ်ခဲ့တာ၊ ကျောင်းသားတွေအများကြီးနဲ့ ဖွင့်ထားတယ်၊ သွားကြည့်လိုက်ဦးလို့ပြောတယ်။


အဲဒါနဲ့ ကျွန်တော်တို့လည်း တခေါက်ပြန်သွားကြည့်တယ်။ တံခါးပိတ်ထားလို့ အပြင်ကအော်ခေါ်တယ်။ ကျောင်းဖုန်းတွေလည်း ဆက်တယ်။ မရပါဘူး။ ဒါနဲ့ အစိုးရကျောင်း တခေါက်ပြန်သွားပြောတော့ အဲဒါတော့မတတ်နိုင်ဘူး၊ ငါတို့စစ်ဆေးတုန်းကတော့ ကျောင်းသားတွေအများကြီးနဲ့ဖွင့်နေပြီ။ သူတို့မဖွင့်တာ သူတို့ကျောင်းကိုပဲသွားပြောပါတဲ့။ 


ဝန်ထမ်းပြောင်းမှ ကျောင်းပြောင်းလက်မှတ်ပေးတာတဲ့။ အဲဒါဆို ကျွန်တော်တို့ထားတဲ့ ကိုယ်ပိုင်ကျောင်းကလည်းမဖွင့် အစိုးရကျောင်းကလည်းလက်မခံတော့ ကျွန်တော်တို့ ကလေးတွေ စာမသင်ရတော့ဘူးပေါ့လို့ ပြောပြီးပြန်လာခဲ့ရတယ်။


ကျွန်တော့်အထင်တော့ လိုင်စင်အသိမ်းခံရမှာဆိုးလို့ ကိုယ်ပိုင်ကျောင်းပိုင်ရှင်နဲ့ ကွင်းဆင်းစစ်ဆေးခွင့်ရတဲ့ အစိုးရပညာရေးဝန်ကြီးဌာနတို့ လက်ဝါးချင်းရိုက်ထားတယ်ထင်တယ်ဗျ။ ကျွန်တော်တို့ ကလေးတွေကတော့ ပညာမသင်ရတော့ဘူးပေါ့ဗျာ။ ကိုနောင်တော်လေးတို့ မီဒီယာအနေနဲ့ အထက်လူကြီးများ သိအောင်ပြောပေးရင်တော့ ပိုကောင်းတာပေါ့။ 


ကျောင်းသားမိဘတစ်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment