Pages

Pages

ကျောင်းများဖွင့်လှစ်သော်လည်း ကဝမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ရမည့် ဆရာ၊ ဆရာမများ လာရောက်ခြင်းမရှိ၊ လုံခြုံရေးအတွက်လည်း ဆောင်ရွက်ပေးခြင်းမရှိ ဟုဆို


ကဝ၊ နိုဝင်ဘာ ၂

ယမန်နေ့က စတင်၍ စာသင်ကျောင်းများဖွင့်လှစ်သော်လည်း ကဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရန်ကုန်မြို့မှ တာဝန်ကျသည့် ဆရာ၊ ဆရာမ ၅၆ ယောက် မှာ ၆ယောက်သာ လာရောက်ခြင်းရှိပြီး ကျောင်းအနည်းငယ်သာ ဖွင့်လှစ်နိုင်ကြောင်း သိရပြီး လုံခြုံရေးအတွက်လည်း မည်သူ့ကိုမျှ အကူအညီတောင်းခံ၍ မရဖြစ်နေကြောင်း သိရသည်။

တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် ဆရာမတစ်ဦးက “ကျောင်းဖွင့်တော့ ကျွန်မက လာတယ်။ ဆရာမတာဝန်ကျတဲ့ ရွာမှာက အုပ်ချုပ်ရေးမှူးတွေကလည်း နှုတ်ထွက်သွားတယ်။ ဘယ်သူမှလည်း လုံခြုံရေး ယူမပေးဘူး။ ပညာရေးဌာနကို ပြောတော့လည်း ကျောင်းဖွင့်တဲ့အတွက် နေရမယ်ပြောလို့ နေတယ်။ ရန်ကုန်ကနေ ကျတဲ့ ၅၆ ယောက်မှာ ၆ယောက်ပဲ လာတာ။ ၅၀ လောက်က မလာကြဘူး။ ကျောင်းသားက ရှိတယ်။ ဆရာမကျောင်းမှာဆိုရင် ကျောင်းသား ၁၁၀ လောက်ရှိပါတယ်။ တခြားကျောင်းတွေမှာ ကျောင်းအုပ်တွေက မလာကြတော့ မဖွင့်ရတဲ့ကျောင်းများတယ်။ ရွာတွေမှာ နှစ်ခြမ်းကွဲနေတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း နှုတ်ထွက်ထားတယ်။ ေကျောင်းသားမိဘတွေကလည်း သူတို့ကိုပါ ထိမှာ စိုးရိမ်ကြတော့ လုံခြုံရေးအတွက် အကူအညီတောင်းလို့ မရဘူးဖြစ်နေတယ်။” ဟု မြန်မာနေရှင်နယ်ပို့စ်သို့ ပြောသည်။

နိုင်ငံတော်အစိုးရက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း နိုင်ငံရေးအစွန်းရောက် NLD, PDF အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများ ရှိနေခြင်းကြောင့် လုံခြုံရေးလိုအပ်ချက်များ ရှိနေသည့်အပေါ် ဆရာ၊ ဆရာမများအနေဖြင့် စိုးရိမ်နေကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment