Pages

Pages

မအူပင်မြို့နယ်တွင် ပြည်သူအင်အား ၁၀၀၀၀ ကျော်ဖြင့် တပ်မတော်ထောက်ခံပွဲ တခဲနက်ကျင်းပ












မအူပင်၊ နိုဝင်ဘာ ၂

ယနေ့နံနက်ပိုင်းက မအူပင်မြို့တွင် ပြည်သူအင်အား ၁၀၀၀၀ ကျော်ဖြင့် အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနေသော မြန်မာ့တပ်မတော်ကြီးအား ထောက်ခံပွဲကို တခဲနက် ကျင်းပခဲ့ကြသည်။


တပ်မတော်ထောက်ခံသည့် ပြည်သူများက "ပြည်ထောင်စုမပြိုကွဲရေး - ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး - ဒို့အရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး - ဒို့အရေး၊ NUG, CRPH, PDF အကြမ်းဖက်သမားများအား - အလိုမရှိ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ကျန်းမာပါစေ၊ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပေးနေသော မြန်မာ့တပ်မတော်ကြီးအား - ထောက်ခံပါသည်၊ တပ်မတော်သားများ အားလုံး - ကျန်းမာကြပါစေ" ကြွေးကြော်သံများဖြင့် လှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


အခမ်းအနားတွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ဦးသုစိတ္တက မြန်မာနိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုများ ပြုလုပ်နေသော NLD, CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကျောင်းများပြန်လည်ဖွင့်လှစ်နေသည့်အချိန်တွင် ကျောင်းမတက်ရန် လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍လည်းကောင်း ဆွေးနွေးမိန့်ကြားသွားသည်။ 


မြန်မာ့အမျိုးသားရေးကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ကိုနောင်တော်လေးက "မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးပြဿနာကို ပြောမည်ဆိုလျှင် NLD ပါတီ၏ မဲလိမ်မဲခိုးမှုကို ချန်လှပ်ပြောဆို၍ မရနိုင်ကြောင်း၊ ၎င်းတို့ကိုယ်တိုင် ဥပဒေမဲ့ မဲလိမ်မဲခိုးမှုများကို ကျူးလွန်ခဲ့ပြီး အများပြည်သူကို မဟုတ်မမှန်စကားများဖြင့် နိုင်ငံရေးမှိုင်းတိုက်၍ ဆူပူအကြမ်းဖက်မှုများ ဖန်တီးလာခြင်းဖြစ်ကြောင်း၊ NLD ပါတီ၏ နောက်ကွယ်တွင် အမေရိကန်နှင့် ဥရောပနိုင်ငံများက အကြမ်းဖက်အားပေးလုပ်ရပ်များ လုပ်ဆောင်လျက်ရှိကြောင်း၊ မအူပင်မြို့မှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာ NLD အကြမ်းဖက်တွေက လုပ်ခဲ့ခြင်းဖြစ်သလို နိုင်ငံအဝှမ်းမှာ ဖောက်ခွဲမှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတာလည်း NLD ဖြစ်ကြောင်း၊ အမေရိကန်သမ္မတကိုယ်တိုင်က လူကြီးလူကောင်းမဆန်ဘဲ တပ်မတော်က အကြမ်းဖက်နေပါသည်ဟု လုပ်ကြံဖန်တီးပြောဆိုခဲ့ကြောင်း၊ တပ်မတော်က အကြမ်းဖက်နေခြင်းမဟုတ်ဘဲ NLD က အကြမ်းဖက်နေခြင်းသာဖြစ်ကြောင်း" ဆွေးနွေးပြောဆိုသွားခဲ့သည်။


မအူပင်မြို့ တပ်မတော်ထောက်ခံပွဲ အခမ်းအနားကို ဇာတိမာန်သီချင်း သံပြိုင်သီဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြပြီး NLD အကြမ်းဖက်သမားများ၏ အန္တရာယ်ကြောင့် လုံခြုံရေး အပြည့်အဝဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment