ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ​ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ​ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

 


ဒိုက်ဦး၊ နိုဝင်ဘာ   ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ ပထမအကြိမ် ထိုးနှံပြီးသူများအား ဒိုက်ဦးမြို့နယ် ပြည်သူ့ အားကစားကွင်း မိုးလုံလေလုံခန်းမကြီးအတွင်း၌ လည်းကောင်း၊ ဖောင်တော်သီကျေးရွာစုရပ်၌ လည်းကောင်း၊ ကျိုက်စကောအရှေ့ ကျေးရွာစုရပ်၌ လည်းကောင်း ပထမအကြိမ် ထိုးနှံခဲ့ပြီးသူများအား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်သည်။

ဒုတိယအကြိမ် လာရောက်ထိုးနှံရမည့်နေ့တွင် မပျက်မကွက် လာရောက်ထိုးနှံခြင်းအားဖြင့် နှစ်ကြိမ် မြောက် ထိုးနှံပြီးစီးကြောင်း ကျန်းမာရေးဌာန အသိအမှတ်ပြု ကတ်များ တစ်ပြိုင်တည်း ထုတ်ယူခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးကြီးကြပ်ရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်းများက လာရောက်ထိုးနှံသူတို့အား ကိုဗစ်-၁၉ ရောဂါ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ပြည်သူများအား ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။ အဆိုပါကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်​ကျေးစာရေးများ၊ မီးသတ်နှင့် စေတနာရှင်လူငယ်အဖွဲ့တို့မှ ဝိုင်းဝန်းကူညီပေးကြကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)