Pages

Pages

မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ သစ်လွင်များအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲကျင်းပ





မအူပင်၊ နိုဝင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်တက္ကသိုလ်တွင် စတင်တာဝန်ထမ်းဆောင်သည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမများအား သစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ကျင်းပသည်။


အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ကာ ကြိုဆိုနှုတ်ခွန်းဆက်စကား  ပြောကြားပါသည်။ ၎င်းနောက် မအူပင်တက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီနီဦးက မအူပင်တက္ကသိုလ်၏ သမိုင်းကြောင်းနှင့် လက်ရှိဆောင်ရွက်နေမှုများ ဘာသာရပ်အလိုက် တာဝန်ခံများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ခန့်အပ်ခြင်းခံရသော နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များအတွက် ထောက်ပံ့ကြေးအဖြစ် ကျပ်သိန်း ၂၀ ပေးအပ်ရာ ဦးကိုကို (သရုပ်ပြဓာတုဗေဒ)၊ ဦးဇော်ဇော်အောင် (သရုပ်ပြ ရူပေဗဒ) တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။


မအူပင်တက္ကသိုလ်တွင် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမ အသစ် (၉၃) ဦးခန့်အပ်ပြီး လုပ်ငန်းခွင် အဆင်ပြေစေရန် မွမ်းမံသင်တန်းအား (၁)လ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်ခိုင် ၊ အောင်မြင့်မြတ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment