Pages

Pages

ကျိန္တလီမြို့၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ



ကျိန္တလီ၊ နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ အသက်(၁၈)နှစ်အထက် ပြည်သူများအား ယနေ့ နံနက် ၉ နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့အတွင်းရှိ အမှတ်(၂)ရပ်ကွက်မှ အသက်(၁၈)နှစ် အထက် ဒုတိယအကြိမ် ထိုးနှံမည့်ပြည်သူ(၄)ဦး၊ ရှောက်ကုန်းကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ်ထိုးနှံမည့် ပြည်သူ(၁၆၉)ဦး၊ တောင်ပတ်လည် ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ထိုးနှံမည့်ပြည်သူ(၂၉)ဦး၊ ကိုင်းခုံ ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ် ထိုးနှံမည့် ပြည်သူ(၆၂)ဦး၊ ကျင်းကြီး ကျေးရွာအုပ်စုမှ အသက်(၁၈)နှစ်အထက် ဒုတိယအကြိမ်ထိုးနှံမည့် ပြည်သူ(၁)ဦး၊ စုစုပေါင်း ပြည်သူ(၂၃၆)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဆေးလာရောက် ထိုးနှံသူများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက အမည်စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက သွေးပေါင်းချိန် တိုင်းတာပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ ဝန်ထမ်းများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခိုင်မိုးမင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment