ယနေ့ နတ်လမ်းပေါ်သည့် ကျိုက်နဲရေလယ်ဘုရားဖူးသွားကြသူများ (၁၀)ဦးထက်မနည်း ပင်လယ်ရေနဲ့မျောပါပြီး ရေနစ်သေဆုံး/ပျောက်ဆုံးမှုများရှိနေ ဟုဒေသခံများဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ယနေ့ နတ်လမ်းပေါ်သည့် ကျိုက်နဲရေလယ်ဘုရားဖူးသွားကြသူများ (၁၀)ဦးထက်မနည်း ပင်လယ်ရေနဲ့မျောပါပြီး ရေနစ်သေဆုံး/ပျောက်ဆုံးမှုများရှိနေ ဟုဒေသခံများဆို



 

သံဖြူဇရပ်၊ နိုဝင်ဘာ  ၂၁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ရှိ အလွန်စည်ကားသော ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းပေါ်သည့် ယနေ့ (နိုဝင်ဘာ ၂၁ ရက်) တွင် ဘုရားဖူးလာရောက်ကြသူများ အလွန်များပြားကာ ပင်လယ်အတွင်းသို့ မဆင်မခြင် ရေဆင်းကူးကြရာမှ ပင်လယ်ရေဖြင့်မျောပါပြီး မတော်တဆ ရေနစ်သေဆုံးမှုများ အများအပြား ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသူများလည်းရှိနေကြောင်းဒေသခံများနှင့်ကူညီကယ်ဆယ်ပေးနေသည့်ပရဟိတအဖွဲ့များထံကသိရသည်။

ပြန်လည်တွေ့ရှိသည့် သေဆုံးသူများ၏ ရုပ်အလောင်းများကို မွန်မြတ်စေတနာ ကျုံကဒတ်မှ သံဖြူဇရပ်ဆေးရုံ ပိုဆောင်ထားပေးပြီး ရေနစ်ပျောက်ဆုံးနေသူများကိုလည်း ဒေသခံများနှင့် ပူးပေါင်းရှာဖွေလျက်ရှိကြောင်း ကနဦးသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)