Pages

Pages

ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံပေးလျက်ရှိ


ပျော်ဘွယ် နိုဝင်ဘာ ၁၀

ပျော်ဘွယ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက် ဆောင်ရွက်လျက်ရှိရာ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက်(၈)နာရီမှ စတင်၍ မြို့နယ်ရာ ပြည့်သာသနာ့ဗိမာန်တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံရာ၌ စုရပ်(၅) နေရာဖြစ်သည့် ရှမ်းပွဲရပ်ကွက်  ရာပြည့်သာသနာ့ဗိမာန်၊ ရန်အောင် (အထက)၊ ယင်းတော် (အထက)၊ အရှေ့လျှော်ဖြူကုန်း (အထက) တောင် ညောင်ကုန်း (အထက) တို့တွင် သတ်မှတ်ရက်များ အလိုက် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာအချို့မှ ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စာရင်းကောက်ယူခြင်းနှင့် လိုအပ်သည် များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ယနေ့အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံပြီးသူပေါင်း (၈၆၉၄၇) ဦး၊ ပထမအကြိမ် ထိုးနှံပြီးသူပေါင်း (၄၇၀၄၁) ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment