Pages

Pages

မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၁၉၀)ဦး အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယ) ရက်နေ့ ဆက်လက်ထိုးနှံပေး




မိုင်းငေါ့၊ နိုဝင်ဘာ ၁၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး မထိုးနှံရသေးသူ အသက် (၁၈)နှစ် အထက် ပြည်သူများအား ပထမအကြိမ် (ဒုတိယ) ရက်နေ့အဖြစ် ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို  ကျန်းမာရေးဝန်ထမ်းမျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (ဒုတိယ)ရက်နေ့တွင်  ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျား (၈၂)ဦး ၊ မ(၁၀၈)ဦး စုစုပေါင်း (၁၉၀)ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမားရေးဌာန မှ ကျန်းမာရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က  တာလုံ အ.မ.က‌ ကျောင်းတွင် ထိုးနှံပေးခဲ့ပါသည်။  

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း ၊သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုး ပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ သိရပါသည်။ 

သတင်း - မြင့်သွယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment