ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး မြို့မဈေးအတွင်း ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး မြို့မဈေးအတွင်း ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုဆောင်ရွက်



မိုင်းကိုင်၊ နိုဝင်ဘာ  ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေး  လုပ်ငန်းများကို တာဝန်ရှိသူများက  နေ့စဉ်တစိုက် မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ  ယနေ့မနက် ၅ နာရီခွဲအ ချိန်က မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၊ အမှုဆောင်အရာရှိ ဦးလှမျိုးသွင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့သည် မြို့မဈေးအတွင်း  ရှောင်တခင် ကွင်းဆင်း စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့သည်။

မြို့မဈေးအတွင်းသို့  လာရောက်သည့်   ဈေးသည်၊ ဈေးဝယ်များမှ ကာကွယ်ဆေး ထိုးနှံပြီးစီးကြောင်း လက်မှတ်မပြသနိုင်သူများ၊ နှာခေါင်းစည်းမတပ်ဆင်သူများ စုစုပေါင်း ၅၀ ဦးကို RDT Test Kit ဖြင့် ရောဂါပိုးရှိ မ/မရှိ စစ်ဆေးခြင်း ၊ ကျန်းမာရေးအသိပညာပေးခြင်း၊ ဟောင်းနွမ်းသောနှာခေါင်းစည်း တပ်ဆင်လာသူများ ကို အသစ်ပြန်လည်တပ်ဆင်ရန်  အခမဲ့ဖြန့်ဝေပေးခြင်းများ  ပြုလုပ်ခဲ့ပြီး  ယနေ့ စစ်ဆေးမှုအရ မြို့မဈေးအတွင်း ရောဂါပိုးရှိသူ တစ်စုံတစ်ဦးမျှ  စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်း၊  ရောဂါထိန်းချုပ်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ  ဆက်လက် နေထိုင်သွားကြရန် တိုက်တွန်း နိုးဆော်ထားကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ်တွင် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသွားအလာ ကန့်သတ်မှုများ ဆောင်ရွက်ခြင်း၊ ပူးပေါင်းအဖွဲ့များဖြင့် ရှောင်တခင်ကွင်းဆင်း  စစ်ဆေး ခြင်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို  ယနေ့မနက်ပိုင်းက  မိုင်းကိုင်မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော အမှတ်(၁) ရပ်ကွက်မှ အသက် ၇၇ နှစ်အရွယ် အတည်ပြုလူနာ အဘိုးတစ်ဦး  ပြင်းထန်ဝေဒနာခံစား၍ အသက်သေဆုံးသွားသဖြင့် မိုင်းကိုင်မြို့နယ်တွင် ယနေ့ မနက်ပိုင်းအချိန်အထိ  စစ်ဆေးတွေ့ရှိ အတည်ပြုလူနာ ပေါင်း ၂၃၆ ဦး၊ ဆေးကုသမှု ခံယူနေဆဲ ၁၀၁ ဦး၊ သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ကြောင်း  သိရှိရသည်။

သတင်း - ချော (မိုင်းကိုင်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)