ဇေယျာသီရိ၊ နိုဝင်ဘာ ၁
ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါ လျော့နည်း ပျောက်ကွယ်လာသဖြင့် နိုင်ငံတော် အစိုးရက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခွင့် ပြုပေးလျက်ရှိရာ ဇေယျာသီရိမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများကို နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီက စတင်၍ ကျောင်းသား၊ ကျောင်းသူများ မိမိတို့အပ်နှံထားသော ကျောင်းများသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တက်ရောက် ပညာသင်ကြားကြကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၅၇) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်းရှိပြီး အသက် ၁၂ အထက်ရှိ သူကျောင်းသား/သူ (၇၀၆၆) ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ရာ “ ကျွန်တော်တို့ ဒီနေ့မှာဆိုရင် ဇေယျာသီရိမြို့ နယ်အတွင်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေအားလုံးကို စတင်ဖွင့်လှစ်တာဖြစ်ပါတယ်၊ ကျောင်းတွေမှာတော့ ဖွင့်မည်ဆိုတာ သိကတည်းက ကျောင်းတွေအားလုံးကို ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေနဲ့ အညီဖြစ်အောင် အားလုံးပြင်ဆင်ထားရှိထားပါတယ်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်လာရာတွင် နှာခေါင်းစည်းများ မျက်နှာကာများတပ်ဆင်ခြင်း၊ စာအုပ်၊ ခဲတံ၊ ဘောပင်ပေတံများကို မျှဝေသုံးစွဲခွင့် ကျောင်းအဝင်နှင့်စာသင်ဆောင်ရှေ့တွေမှာ လက်ဆေးဘေစင်များထားရှိပြီး စနစ်တကျလက်ဆေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများ လိုက်နာသွားကြရန် စည်းကမ်းများထားရှိထားပါတယ်” ဟု မြို့နယ် ပညာရေးမှူးထံမှသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment