ထားဝယ်တက္ကသိုလ်၌ဘာသာရပ် အသီးသီးတွင် အသစ်ခန့်အပ်သည့်နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်တက္ကသိုလ်၌ဘာသာရပ် အသီးသီးတွင် အသစ်ခန့်အပ်သည့်နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ






ထားဝယ်၊ နိုဝင်ဘာ ၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်တက္ကသိုလ်၌ဘာသာရပ် အသီးသီးတွင် အသစ်ခန့်အပ်သည့် နည်းပြ၊ သရုပ်ပြ ဆရာ/ဆရာမသစ်လွင်များကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်တက္ကသိုလ်၊ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရ သည်။


အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက  ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား အဆင့်မြင့်ပညာရပ်များကို စတင်သင်ကြားနိုင်ရန်အတွက် အင်အား ဖြည့်၍ဘာသာရပ်အသီးသီးတွင် ခန့်အပ်ပြီးသော ဆရာ/မများကို နူတ်ခွန်းဆက်ကျေးဇူးတင်စကား ပြောကြားခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးများကို အတိုင်းအတာတစ်ခုအထိ ထိုးနှံထားပြီးဖြစ်သောကြောင့် မကြာမီ အချိန်အတွင်း အဆင့်မြင့် ပညာကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်ကြိုးစား ဆောင်ရွက် လျက်ရှိကြောင်း၊ ကျောင်းပညာရပ်များတွင် ဆရာ/မများသင်ကြားခဲ့သောဘာသာရပ်များကို ကျောင်းမှာ ရှိသော ကျောင်းသား/သူများအား သင်ကြားပေးရမည်ဖြစ်သည့်အတွက် တာဝန်ပိုရှိကြောင်း၊ ဆရာ/မ များအနေဖြင့် ပညာသင်ကြား ရေးအပိုင်းတွင်ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသလောက် သင်ကြားပေးစေလို ကြောင်း၊ ဆရာ/မများက ကျောင်းသား/သူများ အပေါ်တွင် ကရုဏာထားပြီး ကျောင်းသား/သူများ၌ တွေ့ကြုံရသော အခက်အခဲများကို တက်နိင် သလောက်ကူညီဖြေရှင်းပေးပြီး လုပ်ကိုင်ဆောင်ရွက်ပေးစေ လိုကြောင်း၊ ဆရာ/မများအနေဖြင့် ကျောင်းသား/သူများအား ဘာသာရပ်များအပြင် အတွေးအခေါ် ပညာရပ်များ၊စာရိတ္တများကိုပါသင်ကြားပေးပြီးအကောင်းဆုံးပန်းပုထုသောပညာရှင်များ၊နိုင်ငံတော်ကို တည်ဆောက်သူများ၊ အောင်အောင်မြင်မြင် ဘဝတတ်လှမ်းသူများဖြစ်အောင် ဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။


ထို့နောက် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ထားဝယ်တက္ကသိုလ်အတွက်အသစ်ခန့်အပ်သည့် သင်တန်းသား/သူ ဆရာ/မ(၄၄)ဦးအား တာဝန်ရှိသူများက ဒီဇင်ဘာ ၈ ရက်နေ့ အထိသင်ကြားပို့ချ ပေးမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)