တန်ဆောင်မုန်းလပြည့်နေ့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိဘုရားများတွင် ဆီမီးပူဇော်ကြပြီး ရွှေစည်းခုံဘုရားတွင်ဆီမီး ၅၀၀၀ ပူဇော် - Myanmar National Post

Myanmar National Post

News Agency

Breaking

တန်ဆောင်မုန်းလပြည့်နေ့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိဘုရားများတွင် ဆီမီးပူဇော်ကြပြီး ရွှေစည်းခုံဘုရားတွင်ဆီမီး ၅၀၀၀ ပူဇော်






ညောင်ဦး၊ နိုဝင်ဘာ  ၁၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်း စေတီပုထိုးများအား ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၈ရက်၊ ၁၃၈၃ ခုနှစ်၊တန်ဆောင် မုန်းလပြည့်နေ့ည ၆နာရီခွဲအချိန်မှစတင်ကာ ရွှေစည်းခုံဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော် ကြကြောင်း ရွှေစည်းခုံဘုရားကြီးတွင်လည်း ဆီမီး ၅၀၀၀ ကပ်လှူပူဇော်ကြကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံကသိရသည်။

ထိုသို့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်းစေတီ၊ပုထိုးများကို ဆီမီးပူဇော်ကြ ရာ ဓမ္မရံကြီးဘုရားအပြင်ဘက်တွင် ဆီမီး ၃၀၀၀ ဆီမီးပူဇော်ခဲ့ကြပြီး၊ ဘုရားနီ၊ အင်ကြင်းဂူ၊ အလိုတော်ပြည့်၊ စိုးမင်းကြီးအုတ်ကျောင်းပတ်ဝန်းကျင်ဘုရားများ၊ အပ္ပာယ်ရတနာပတ်ဝန်းကျင် ရှိဘုရားများ၊ ရွှေဆံတော်ပတ်ဝန်းကျင်ရှိဘုရားများ၊ အနော်ရထာလမ်းမကြီး ဘေးဘက်ဝဲ/ယာ ဘုရားများကို ထိခိုက်မှုမရှိစေပဲ၊ဒေသခံများက တန်ဆောင်မုန်းလပြည့်နေ့ အကြိုပူဇော်ခဲ့ကြ ကြောင်းသိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း ဂေါပကအဖွဲ့ရှိသော ဘုရား ၁၉ဆူဖြစ်သည့် ရွှေစည်းခုံဘုရား၊အလိုတော် ပြည့်၊ အာနန္ဒာ၊ သဗ္ဗညု၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ မဟာဗောဓိ၊ ထီးလိုမင်းလို၊ လောက နန္ဒာ၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ မနုဟာ၊ မြစေတီ၊ တုရင် တောင်၊ ငှက်ပစ်တောင်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ ကျောက်ဂူဉမင်၊ ပြဿကြီးဘုရားများအား ဆီမီး ပူဇော်ကြကြောင်းသိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ ရှေးဟောင်းဘုရားများဆီမီးပူဇော်ကြရာ လူစုလူဝေးမ ဖြစ်စေပဲ ကျန်းမာ ရေး ဝန်ကြီးဌာန၊လမ်းညွှန်ချက်နှင့်အညီ ဆီမီးပူဇော်ခဲ့ကြ ကြောင်းသိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)